Part 1(Unicode)

5.6K 143 1
                                        

"ဒေါက်တာမေဇင်မင်းရှိပါသလား"

ဆိတ်ငြိမ်နေတဲ့အခန်းငယ်ထဲ မတိုးမကျယ်ထွက်ပေါ်လာသည့် အသံဟာ မေဇင့်ရဲ့အသွေးအသားတွေထဲအထိ စိမ့်ဝင်ကာသိမ့်ခနဲနွေးသွားစေပါသည်။ တစ်ချိန်ထဲမှာဘဲ မြန်ဆန်စွာခုန်လာခဲ့သည့်နှလုံးသားတစ်စုံဟာ ဆယ်ကျော်သက်တစ်ယောက်လိုပင်...။ ထိုအသံကိုလှည့်ကြည့်စရာမလိုဘဲ မေဇင်မှတ်မိနေပါသည်။ ကိုယ့်ဘက်ကအချိန်တွေအကြာကြီးရင်းပြီး ချစ်ခဲ့တဲ့လူသားတစ်ယောက်လေ...၊ ကိုယ်မေ့ပစ်ဖို့ မတတ်နိုင်ခဲ့တဲ့လူသားတစ်ယောက်ပေါ့...။

မေဇင်က whitecoat ပေါ်ကအိတ်ကပ်လေးထဲ လက်ကလေးထည့်ကာ မျက်နှာမူလက်စပြတင်းပေါက်ကို ကျောခိုင်းရင်းနောက်ကိုလှည့်ကြည့်လိုက်သည့်အချိန် မေဇင်ထင်ထားသလို အဲဒီလူသားလေးဘဲဖြစ်လို့နေပါသည်။ ကိုယ့်စိတ်ကိုယ်မထိန်းနိုင်ခင်မှာဘဲ ယောင်ယောင်လေးပြုံးလိုက်မိသည့်အချိန် တစ်ဖက်ကလည်း ကြည်လင်စွာပြန်လည်ပြုံးပြသည်။ တစ်ယောက်ကိုတစ်ယောက် ဘယ်လောက်တောင်လွမ်းနေခဲ့သလဲဆိုရင် ဘာစကားမှမပြောဘဲ အချိန်အကြာကြီးစိုက်ကြည့်နေမိတဲ့အထိပါဘဲ...။

ဘယ်လောက်တောင်ဝေးခဲ့ရသလဲဆိုရင် လေးနှစ်ဆိုတဲ့ကာလလေးတစ်ခုမှာ ဆောက်တည်ရာမရ အလဲလဲအပြိုပြိုနဲ့ ညနက်နက်မှာလန့်နိုးရတဲ့အထိ...၊ တရွေ့ရွေ့သွားနေတဲ့စက္ကန့်တံလေးကို လိုက်ကြည့်ရင်းဘယ်တော့ ပြန်လာမလဲမသိတဲ့ လူတစ်ယောက်ကို သတိရတဲ့စိတ်နဲ့ အကြိမ်ကြိမ်ရူးခဲ့ရသည်။ သူမရှိခဲ့တဲ့အချိန်တွေမှာ ကိုယ့်ကိုယ်ကိုယ် ပြန်လည်ရှာဖွေရင်း ပုံမှန်စိတ်ပြန်ဖြစ်အောင် အချိန်အတော်ယူပြီး ကြိုးစားခဲ့ရသည့်အကြောင်းတွေ...၊ သူ့ကိုပြောပြချင်လိုက်တာ......။

အချိန်တွေကကုစားသွားမှာပါဆိုတဲ့စကားဟာ တကယ်ရောဟုတ်ပါ့မလားဆိုပြီး နှစ်တွေလတွေဖြတ်ကျော်လာတိုင်း ပြန်ပြန်မေးမိနေခဲ့ဖူးသည်။ အကြိမ်များစွာမေ့ပစ်ဖို့ကြိုးစားခဲ့ပေမယ့် တစ်ကြိမ်တစ်ခါတောင် မအောင်မြင်ခဲ့ရပါဘူး။ မေဇင့်ရဲ့စံနှုန်းတွေနဲ့မကိုက်ညီတဲ့ လူသားတစ်ယောက်ကို မေ့ပစ်ပြီး အသစ်ကနေပြန်စဖို့ ကြိုးစားရမည်မဟုတ်ပါလား...၊

ကျေးဇူးပဲမေရယ်Wo Geschichten leben. Entdecke jetzt