Part 12(Unicode)

2K 76 0
                                        

ဆေးရုံခန်းထဲဝင်ဝင်သွားချင်း ခေါင်းအုံးကိုကျောမှီကာ စာဖတ်နေသောဒက်ဒီ့ကိုမြင်ကာမှ မေဇင့်စိတ်များဒုန်းဒုန်းချလိုက်နိုင်တော့သည်။ ဒက်ဒီ့ရဲ့ခြေထောက်တစ်ဖက်ကတော့ ပတ်တီးဖြူဖြူများဖြင့် လုံးထွေး၍နေပါသည်။

မနက်ခင်းနေရောင်က ကျယ်ဝန်းသောပြတင်းပေါက်ကနေတစ်ဆင့် အခန်းထဲကိုဖြာကျနေပြီး VVIP အခန်းထဲမှာတော့ အဆင်တန်ဆာအပြည့်ဖြင့်မွမ်းမံထားပါသည်။

မေဇင်ကချောင်းတစ်ချက်ဟန့်ကာ တံခါးဖွင့်၍ဝင်လာတော့ ဒက်ဒီကမေဇင့်ကိုမျက်လုံးအပြုးသားဖြင့် ငေးကြည့်သည်။ ထို့နောက်ကရုဏာမျက်စောင်းလေးဖြင့် ဆူပူကြိမ်းမောင်းတော့မည့်ဟန် ပြင်လိုက်ပြီးမှ အသာပြုံးသည်။

"ကဲ........၊ ဒေါက်တာ.......။ ဘာများစိတ်မချဖြစ်ပါသလဲ"

မေဇင်ကတရင်းတနှီးမရှိသေးသော ထိုအသုံးအနှုန်းကြောင့် ရှက်ရှက်နှင့်ရယ်မိကာ ခုတင်ဘေးကခုံလေးပေါ်ဝင်ထိုင်လိုက်သည်။

"ဒီကသမီးတော်ဘယ်လောက်တောင် စိတ်ပူသွားသလဲသိရဲ့လား......၊

မာမီ့ကိုတောင်သေချာမပြောဘဲ ထွက်လာခဲ့ရတာ......"

"သမီးမာမီသိရင်လဲလိုက်လာနေပါအုံးမယ်၊ ဘာမှမဖြစ်ပါဘူးလို့သေချာပြောထားပေမယ့် ပြောရတာမဟုတ်ဘူး။"

မေဇင်တို့စကားပြောနေတုန်း ဒက်ဒီ့ရဲ့တပည့်ကျော်ကဝင်လာတာမို့ အခုထိအခဲမကျေသေးသော မေဇင်မင်းနှင့်တည့်တည့်တိုးပါတော့သည်။

"ဒက်ဒီ့ရဲ့တပည့်က အတော်အားကိုးရတယ်နော်......၊ ညသန်းခေါင်ကြီးကိုလာကြိုဖို့မေ့ရတာနဲ့......"

ခပ်ရွဲ့ရွဲ့ပြောလိုက်သောထိုစကားကို ဦးအောင်မင်း၏တပည့် ဥက္ကာကခေါင်းကုတ်ကာ ရယ်ကျဲကျဲနှင့်ပြန်ဖြေရင်း ခုတင်ခြေရင်းကဆိုဖာခုံတစ်ခုမှာဝင်ထိုင်လိုက်သည်။

"တောင်းပန်ပါတယ်ဗျာ.....၊ ကျွန်တော့်ဖုန်းက alarm ပေးထားတာမမြည်လာလို့ပါ......၊"

"မင်း alarm ကိုငါပိတ်လိုက်တာပါလို့ ပြောတယ်လေ.......၊"

ပြောရင်းဆိုရင်းအခန်းထဲဝင်လာ‌သော ဉာဏ်လင်းကဥက္ကာရဲ့ပခုံးတစ်ဖက်ကိုလှမ်းပုတ်ရင်း ဦးအောင်မင်းရှိနေသောခုတင်ဆီလျှောက်လာသည်။ ဉာဏ်လင်းကသူရဲ့ပုံစံအတိုင်း စတိုင်လ်ပဲန်အစိမ်းပုတ်ရောင်နှင့် စိမ်းဖျော့ဖျော့ရှပ်လက်ရှည်လေးကို တွဲ၍ဝတ်ထားသည်။ ရေပင်ခဲလောက်အောင်အေးသော ရာသီဥတုဒဏ်ကိုခံနိုင်ဖို့အတွက် အနက်ရောင်တောက်တောက် ကုတ်အင်္ကျီတစ်ထည်ကိုတော့ သူအပြေးအလွှားသွားဝယ်ကာ ဝတ်လာပုံရပါသည်။ ဉာဏ်လင်းရဲ့လက်တစ်ဖက်မှာတော့ ‌ရွှေရောင်အစင်းဖြင့်ဘောင်ကွပ်ထားသော ဆိုင်ကယ်ဦးထုပ်ကိုကိုင်လာခဲ့သည်။

ကျေးဇူးပဲမေရယ်Où les histoires vivent. Découvrez maintenant