Part 21(Unicode)

1.2K 61 2
                                    

ဒီလိုနဲ့ရည်ရွယ်ချက်ရှိရှိပြန်တွေ့ဖြစ်ခဲ့ကြတယ်...၊ တစ်ဖက်လူရဲ့မျက်ဝန်းတွေထဲမှာ ခံစားမှုအငွေ့အသက်လေးတွေ မြင်တွေ့နေရပါလျက်နှင့် တစ်ခြားသောအမျိုးသမီးတစ်ယောက်နှင့် လက်ထပ်တော့မည်ဟူသော စကားကယုံကြည်ဖို့ရာခဲ့ယဉ်းခဲ့ရသည်...။ ပို၍ယုံကြည်ဖို့ခက်သည်မှာ ချစ်သူရည်းစားတောင်မဖြစ်သေးတဲ့သူတစ်ယောက်နဲ့လေ....၊ ကြေကွဲလိုက်ရမှာလား ရယ်မောလိုက်ရမှာလား မသဲကွဲတဲ့နေ့ရက်တွေကို ဖြတ်သန်းရင်းနောက်ဆုံးမှာတော့ မေဇင်မင်းသည် အမှတ်တရခြေရာတို့စွဲကျန်ခဲ့ရာ ဘားအံမြို့လေးကိုခွဲခွာဖို့ ဖြစ်လာခဲ့ပြီ....။

ရန်ကုန်ကိုပြန်ပြောင်းရသည့်အတွက် မေဇင့်ရဲ့လုပ်ဖော်ကိုင်ဖက်များက ဝမ်းသာချီးမွမ်းပေးကြသော်လည်း မေဇင့်ရင်ထဲမှာတော့ လွမ်းဆွေးဖွယ်ရာသာခံစားရသည်။ မြို့ပြရဲ့အဝေး သဘာဝတရားတို့ ရှင်သန်ရာ မျက်စိတဆုံးတောင်တန်းများစွာဖြင့် ခြံရံလျက်ရှိသော မြင်ကွင်းများစွာတို့သည် သုံးနှစ်ဟုဆိုအပ်သော အချိန်အတိုင်းအတာတစ်ခုတွင် မေဇင့်ရင်ထဲ၌အမြစ်တွယ်ရှင်သန်လျက်ရှိပေပြီ...။

ဤသည်မှာအမှန်တကယ်ဘဲ တောတောင်ရေမြေကိုမြတ်နိုး၍လား...၊ ဉာဏ်လင်းနဲ့အတူရယ်မောခဲ့ဖူးတဲ့ အတိတ်တွေကိုရစ်မူး၍လား....၊ မခွဲခြားတတ်ခဲ့ပါ....။

ဘာရယ်မဟုတ်.....၊ တစ်ချိန်ကဉာဏ်လင်းလိုက်ပို့ခဲ့ဖူးသည် ဆဒ္ဒန်လှိုဏ်ဂူတော်ဆီပြန်သွားရင်း လှေပြာလေးတွေစီးသည့်အခါ မေဇင်တို့နှစ်ယောက်ကို ဓာတ်ပုံရိုက်ပေးခဲ့ဖူးးသည့် ထိုကလေးနှင့်ပြန်တွေ့သည့်အချိန်များလည်းရှိသည်...။ မေဇင့်ကိုမှတ်မိနေခဲ့သော ကောင်လေးက "ဟိုအစ်ကိုကြီးရောမပါဘူးလား" ဟုမေးသည့်အခါတွင် ရင်ဘတ်ကြီးတစ်ခုလုံးနွမ်းလျလျက် တစ်စုံတစ်ယောက်ဆီ ပြေးတွေ့ချင်စိတ်များကို ဖမ်းဆုပ်ထားရပေသည်။

မြင်မြင်ချင်းပြေးဖက်က ဘယ်လောက်တောင်မှ လွမ်းဆွေးခဲ့ရကြောင်းတွေ ပြောပြဖို့ရာအတွက် မေဇင့်ရဲ့ဦးနှောက်ကတော့ လက်မခံခဲ့ပါ။ နှလုံးသားနှင့်ဦးနှောက်ကြားတွင် ဗျာများခဲ့ရသောမေဇင်သည် နှစ်ကာလတွေကွာခြားခဲ့ပြီးနောက် ငယ်ချစ်ဦးနှင့်ပြန်တွေ့ရသည့်အခါ နှလုံးသားအလိုကိုလိုက်လျက် ဆယ်ကျော်သက်တစ်ယောက်ကို ပျော်ခဲ့မိလိုက်သည်။

ကျေးဇူးပဲမေရယ်Where stories live. Discover now