Part 5(Unicode)

2.3K 85 1
                                        

အခန်းကျယ်ကြီးထဲတွင် အပ်ကျသံမျှမကြားရလောက်အောင် ခဏတာတိတ်ဆိတ်နေကြသည်။ အဖြူရောင်တောက်တောက်ဖြာကျနေသည့် မီးဆိုင်းကြီး၏အောက်က ဆိုဖာခုံတစ်ခုတွင် ဉာဏ်လင်းကခြေထောက်တစ်ဖက် ချိတ်ကာထိုင်ရင်း အသံတိုးထားသဖြင့် ရုပ်သာမြင်ရပြီးအသံမကြားရသော တီဗီကိုမော့ကြည့်နေလိုက်သည်။ ဒက်ဒီကတော့ပြတင်းပေါက်ဘက်ကိုမျက်နှာမူကာ ဉာဏ်လင်းကိုတော့ကျောခိုင်းထားသည်။

"အဲ့ကလေးမလေးက သွက်သွက်လက်လက်ဘဲ၊ ယဉ်ယဉ်ကျေးကျေးလေးငြင်းသွားတာကအစ လူကြီးဆန်တယ်...၊

ငါ့သားဆိုအခုချိန်ထိ ဆိုးတုန်းရစ်တုန်း.....။"

ဒက်ဒီကဉာဏ်လင်းဆီဦးတည်ပြီး စကားစလိုက်တာမို့ ဉာဏ်လင်းလည်းပြန်လည်ချေပလိုက်သည်။

"လူကြီးဆန်တာမဟုတ်ဘဲ မာနကြီးတာ....၊ တမင်သက်သက်အကြောမခံချင်လို့ ဒက်ဒီ့ကိုပြောသွားတာ...။

ဒက်ဒီကကလေးမလေးတစ်ယောက်ကိုတောင် နိုင်‌အောင်မပြောနိုင်ဘူးဘဲ..."

ဉာဏ်လင်းရဲ့ကလေးဆန်သောစကားကြောင့် ဦးဇေယျာအောင်တစ်ယောက် အသံကျယ်ကျယ်ရယ်လိုက်ပြီး ဉာဏ်လင်းဘက်ကိုပြန်လှည့်လာသည်။ ဉာဏ်လင်းကတော့ဂရုမစိုက်သည့်ဟန်ဖြင့် ခပ်ပေပေနေကာ တီဗီကိုပင်ဆက်ကြည့်နေလိုက်သည်။ အရင်ကတည်းကစိတ်အလိုမကျလာသည်ကတစ်ကြောင်း သတင်းကဘာတွေလာနေမှန်းမသိတာကတစ်ကြောင်း စိတ်ပေါက်ပေါက်နှင့် တီဗီကိုကောက်ပိတ်လိုက်သည်။

ထို့နောက်ခပ်ဝေးဝေးကနံရံတွင်ချိတ်ဆွဲထားသော မိသားစုဓာတ်ပုံလေးဆီ အကြည့်ရောက်သွားသဖြင့် ဒေါသစိတ်များပျောက်ကွယ်သွားပြီး အားငယ်စိတ်များဝင်ရောက်လာသည်။

အဲ့ထဲကပုံလေးထဲမှာ ဉာဏ်လင်းကငါးနှစ်သားအရွယ်လောက်သာ ရှိအုံးမည်။ ပုံထဲကလူလေးယောက်လုံးသည် အသက်မဝင်သလိုပြုံးနေကြခြင်းဖြစ်သည်။

ထို့နောက်လေပူတချို့မှုတ်ထုတ်ကာ မျက်နှာကိုအောက်ချလိုက်သည်။

"သူတို့မိသားစုက ပျော်စရာကြီးနော်.....၊
ရယ်သံတွေ....စကားပြောသံတွေနဲ့.....။"

ကျေးဇူးပဲမေရယ်Where stories live. Discover now