(Unicode)
ရေငံတောကြီးဘက်သို့လျှောက်လာခဲ့တဲ့လမ်းတစ်လျှောက် ပင်တိုင်သူ့မေမေရိုက်တဲ့အကြောင်းတွေပြန်တိုင်နေသဖြင့် လင်းခေးလည်းသဘောကျစွာဘဲပင်တိုင်ပြန်တိုင်သမျှ ခေါင်းလေးတစ်ငြိမ့်ငြိမ့်နဲ့နားထောင်ရင်းတောထဲသို့လာခဲ့၏။
"ကိုကို"
"ဗျ"
"ကိုကိုကမြို့ကိုတကယ်သွားမှာလားဟင်"
"သွားရမှာပေါ့ပင်တိုင်ရဲ့ ကိုကိုမှကျောင်းမပြီးသေးတာ"
"ဟင်း....ကိုကိုသွားရင် ပင်တိုင်တစ်ယောက်ထဲမနေချင်ပါဘူး"
အသံလေးတိမ်ဝင်သွားတဲ့ပင်တိုင် လင်းခေးပခုံးလေးပေါ်သို့ခေါင်းလေးတင်ပြီးသာမျက်နှာလေးညိုးငယ်နေရှာသည်။ကုန်းပိုးထားတာကြောင့်ပင်တိုင့်မျက်နှာလေးကို လင်းခေးကောင်းကောင်းမမြင်ရသော်လည်းပင်တိုင်ဝမ်းနည်းပြီးမျက်နှာလေးညိုးနေမှာကိုသူသိသည်။အဘယ်ကြောင့်ဆိုသော် သူလည်းပင်တိုင့်နည်းတူဝမ်းနည်းမှုတို့ထပ်တူကျနေသောကြောင့်ပင်။
ထိုအချိန်မှစ၍တိတ်ဆိတ်သွားလိုက်တဲ့သူတို့နှစ်ယောက် လမ်းတစ်လျှောက်ဘာစကားမှလဲမပြောဖြစ်ခဲ့ကြတာ တောထဲသို့ရောက်သည့်အချိန်ထိသာ။
တောထဲသို့ရောက်သည်နှင့် အရိပ်အာဝါသကောင်းမဲ့သစ်ပင်တစ်ပင်အောက်တွင်ရပ်လိုက်ပြီး.....
"ပင်တိုင် ကိုကိုတို့ဒီနေရာမှာနားရအောင်"
"ဟုတ်ကိုကို"
လင်းခေးထိုင်ပေးလိုက်ရာ ပင်တိုင်လည်းသူ့ကျောပေါ်ကချက်ချင်းဆင်းလေသည်။ဤအချိန်ထိမျက်နှာညိုးနေဆဲကလေးငယ်က သူ့ရှေ့တည့်တည်မှာလာရပ်နေတာမို့လင်းခေးစိတ်မကောင်းရပြန်၊သူ့ရှေ့ကပင်တိုင့်ရဲ့ညိုးငယ်နေဆဲမျက်နှာလေးကိုသာ လင်းခေးထိတွေ့လျက်........
"ပင်တိုင် ကိုကိုအရမ်းဝမ်းနည်းနေတယ်"
"ဘာလို့လဲဟင် ကိုကိုနေမကောင်းလို့လား"
"မဟုတ်ဘူး ပင်တိုင့်ကြောင့်ကိုကိုဝမ်းနည်းတာ"
"ဟင်....ပင်တိုင်ကြောင့်ပေါ့ ပင်တိုင့်ကြောင့်ကိုကိုအရိုက်ခံရလို့လားဟင်...အင့်....ဟင့်...ဟင့်"