Part 31

609 49 10
                                    

(Unicode )

ရှင်းလင်းနေတဲ့အိမ်ရဲ့အရှေ့မျက်နှာစာရှေ့တွင် တံမြတ်စည်းလေးကိုကိုင်လျက်သားဖြင့်ငေးမောနေသည့်နှင့်သဒ္ဒါ သူမလုပ်စရာရှိသည့်အလုပ်ကိုမေ့လျော့ကာ အတွေးလွန်နေလေသည်။တစ်စုတစ်စည်းထဲလှည်းပြီးစုထားတဲ့အမှိုက်တွေကို ကျုံးမည့်အစား နှင်းသဒ္ဒါထိုအမှိုက်တွေအားငေးမောရင်း မျက်နှာလေးလဲညိုးနေခဲ့၏။

တစ်မှိုင်မှိုင်တစ်ထွေထွေဖြစ်နေတဲ့သမီးဖြစ်သူကို အိမ်အပေါ်မှကြည့်နေတဲ့သူမလည်းစိတ်မကောင်းရပါ၊ဦးယက္ခမရှိ၍သာ တော်သေး၏။မဟုတ်လျှင် နှင်းသဒ္ဒါဤပုံဖြစ်နေပုံနှင့် ဦးယက္ခသံသယဝင်လာမှာသေချာသည်။သို့သော် တစ်ချိန်ချိန်မှာသိမည့်ကိစ္စမို့ ဦးယက္ခပြန်လာလျှင်တောင် သူမဘယ်လိုဖြေရှင်းရမှန်းမသိတော့ပေ။

သမီးဖြစ်သူကိုလည်းဆက်မကြည့်နိုင်တော့ဘဲ သူမလည်းရင်လေးစွာဘဲအိမ်ထဲသို့ပြန်ဝင်သွားလေသည်။

နှင်းသဒ္ဒါ တံမြတ်စည်းကိုကိုင်ထားတဲ့လက်ကလေးတွေ သူမဗိုက်အပေါ်နေရာယူသွားပြီး ညိုးငယ်နေတဲ့မျက်နှာလေးပေါ်မှ မျည်ရည်စလေးတွေပါရစ်ဝဲကျလာ၏။မျက်ရည်စလေးတွေကိုပွတ်သပ်ရင်း မျက်စိအောင်ကအမှိုက်ပုံကိုသာအကြည့်တွေရောက်ရှိကာ နှင်းသဒ္ဒါအမှိုက်တွေကျုံးဖို့သာထိုင်လိုက်ရသည်။

"သဒ္ဒါ...."

လူရိုးအကြောင်းတွေးတောနေခိုက် လူရိုးအသံတွေပါနှင်းသဒ္ဒါကြားနေရတာကြောင့် ပိုပြီးငိုချင်လာမိသည်။ထိုအသံကိုဂရုမစိုက်အောင်ပြုမူနေသည့်ကြားက....

"သဒ္ဒါ..."

သဲကဲွစွာကြားလိုက်ရတဲ့အသံက သူမစိတ်ထင်နေသည်နဲ့မတူပေ။နှင်းသဒ္ဒါမျှော်လင့်တကြီးဘဲ အိမ်ရှေ့ကိုကြည့်မိသွား၏။

အိမ်ရှေ့တွင် ပြုံးပြုံးကြီးရပ်ကာကြည့်နေခဲ့တဲ့လူရိုးကိုမြင်နေရသည်က သူမအတွက်အိပ်မက်တစ်ခုနှယ်။လူရိုးကိုမြင်ပြီး လက်ထဲမှာကိုင်ထားတဲ့အမှိုက်တွေပင်လွှတ်ချပြီး သူမလူရိုးရှိရာသို့သာအပြေးသွားမိတော့သည်။

သူ့ဆီပြေးလာနေတဲ့သူမကြောင့် လူရိုးအနည်းငယ်ပျာပြီး နှင်းသဒ္ဒါသူ့အနားမရောက်ခင်မှာဘဲ သူကအမြန်အနားရောက်အောင်လာလိုက်ရသည်။

တပင်တိုင်Where stories live. Discover now