Part 16

704 66 2
                                    

(Unicode)

အရင်ဆိုလူ၅ယောက်သာရှိတဲ့ထမင်းဝိုင်းလေးက ကိုသိန်းတန်ပါတိုးလာတာကြောင့်လူ၆ယောက်ဖြစ်နေခဲ့သည်။လက်ထပ်ပြီး ကိုသိန်းတန်နဲ့မေမိုးကို သည်အိမ်မှာဘဲခေါ်ထားဖို့နှစ်ဖက်မိဘတွေသဘောတူညီမှုယူခဲ့ကြ၏။ကိုယ့်အိမ်ကိုယ့်ယာမို့ မေမိုးအတွက်ကစိမ်းမနေပေမဲ့ ကိုသိန်းတန်ကတော့လူရှိန်နေတဲ့ပုံ၊ထမင်းဝိုင်းမှာထိုင်တာတောင် လွတ်လွတ်လပ်လပ်မရှိဘဲ တောင့်တောင့်ကြီးဖြစ်နေလေသည်။

လွတ်လွတ်လပ်လပ်မရှိတဲ့ကိုသိန်းတန်ကို လင်းခေးအားမရတာကြောင့်.....

"ကိုသိန်းတန်"

"ဗျာ"

ကိုသိန်းတန်အနေရခက်မှာဆိုးလို့ လင်းခေးပြောဖို့ခေါ်လိုက်လျှင် သူ့ထက်အသက်အများကြီးကြီးတဲ့ကိုသိန်းတန်က ရိုရိုသေသေထူးလာတော့ ပြန်ပြီးအခက်တွေ့နေရသူကလင်းခေးသာဖြစ်သည်။

အသက်အရွယ်ငယ်သည်ကြီးသည်ကိုနားမလည်ဘဲ ရိုသေသမှုနဲ့ခေါ်လာတော့လည်းလင်းခေးပြောလို့မဖြစ်ချေ။လိုရင်းကိုဘဲ ပြောဖို့ပြင်လိုက်ရသည်။

"အခုဆိုဒီမိသားစုကလဲအကို့မိသားစုပါဘဲ သက်တောင့်သက်သာဘဲနေပါ။သူစိမ်းတွေမှမဟုတ်တော့တာကို"

"ဟုတ်ကဲ့"

ကိုသိန်းတန်ဆိုသည်မှာလဲအတော်ရိုးသည့်သူ၊လင်းခေးထိုသို့ပြော​ေလမှ တောင့်တောင်ကြီးဖြစ်နေတဲ့ခါးကို အနည်းငယ်ကိုင်းကာလွတ်လပ်စွာထိုင်လေသည်။

သမက်ဖြစ်သူပုံစံကြောင့် ဦးမိုးမြင့်လည်းခေါင်းတငြိမ့်ငြိမ့်နဲ့သာပြုံးမိ၏။ပြီးနောက် ကိုယ်စီထမင်းဆက်စားနေကြတဲ့ထမင်းဝိုင်းမှာ သည်အချိန်ဘဲလူစုံတာကြောင့် ဦးမိုးမြင့်လည်းမေမိုးတို့ရှေ့ရေးအတွက်တွေးပြီး ပြောစရာရှိတာပြောဖို့ပြင်လိုက်ရသည်။

"သမီးမေမိုးနဲ့မောင်သိန်းတန်ကို ဖေကြီးစကားနည်းနည်းပြောစရာရှိတယ်"

"​......."

"မောင်သိန်းတန်က ဦးလေးတို့လယ်လုပ်ငန်းမှာ မင်းညီတွေနဲ့အတူဦးစီးလုပ်ပေါ့။ရလာတဲ့၃ပုံတစ်ပုံကို မင်းတို့ရှေ့ရေးအတွက်စုကြ။"

တပင်တိုင်Where stories live. Discover now