တပင္တိုင္(part 7)

980 67 3
                                    

(Unicode)

တစ်ညလုံးပင်တိုင် လင်းခေးရင်ခွင်ထဲမှာဘဲအိပ်ပျော်နေခဲ့ရာ သူညောင်းမှာဆိုး၍ဒေါ်အေးသွယ် ပင်တိုင့်ကိုအိပ်ရာပေါ်ပြောင်းသိပ်မည်ဆိုတာတောင်လင်းခေးလက်မခံ၊ပင်တိုင်နိုးမှာ သူဆိုးတယ်တဲ့လေ။

ညလုံးပေါက်ထိုအတိုင်းပွေ့ချီထားပေမဲ့ လင်းခေးတစ်ချက်မညီးခဲ့။အိပ်မျောကျနေတဲ့ကလေးလေးကိုအရိပ်တကြည့်ကြည့်ကြည့်နေခဲ့ပြီး မနက်မိုးလင်းခါနီးမှသူလဲအိပ်ပျော်သွားလေသည်။

"အော် အီး အီး အွတ်"

ရောင်နီပျိုးစအချိန်ဝယ် နေလုံးကြီးတပူတပြင်းနဲ့ထွက်ပေါ်လုဆဲဆဲတွင် ရွာရဲ့နှိုးစက်လို့တင်စားမဲ့ကြက်တွန်သံတွေက တစ်အိမ်နဲ့တစ်အိမ်စီးချက်ဝါးချက်ညီစွာထွက်ပေါ်နေခဲ့သည်။

မနက်မိုးလင်းခါနီးမှအိပ်ပျော်သွားလို့လားမသိ လင်းခေးသိပ်တောင်အိပ်လိုက်ရသည်မထင်၊နားထဲတိုးဝင်လာတဲ့ကြက်တွန်သံတွေကိုကြားပေမဲ့ မျက်လုံးတွေကတော့မဖွင့်ချင်လောက်အောင်လေးလံနေခဲ့သလို ခေါင်းငိုက်စိုက်ကျလျက်သားဖြင့်ဖြစ်နေခဲ့၏။

အိပ်ချင်နေပါသည်ဆိုကာမှ ပါးပေါ်ဘဲအကောင်တက်လာသလိုလို နှုတ်ခေါင်းပေါ်ဘဲအကောင်တက်လာသလိုလိုဖြစ်နေခဲ့တာကြောင့် တစ်ချက်တစ်ချက်ပါးကိုပွတ်သပ်သော်လည်း အရာမထင်။မျက်လုံးကိုဖွင့်ကြည့်လိုက်မှ သူ့မျက်နှာပေါ်လက်ညိုးလေးနဲ့တို့ကာတို့ကာလုပ်နေတဲ့ကလေးလေးက ပြုံးကာကြည့်နေလေသည်။

"ကိုကို့ကိုစနေတယ်ပေါ့လေ ဟမ်"

"အွန်း"

ကလိထိုးမယ်ကြံကာ ပင်တိုင့်ခါးလေးတွေဆီနေရာယူသွားပေမဲ့ ခါးလေးတွေကိုကိုင်ကာလင်းခေးငြိမ်ကျသွားသည်။

ပင်တိုင်ပိန်ကျသွားလိုက်တာ အရင်ကကလိထိုးနေကျခါးလေးတွေတောင် ပြည့်ပြည့်တင်းတင်းလေးရှိမနေတော့။လင်းခေး သူကလိထိုးမှာကြောက်နေတဲ့ကလေးလေးကိုသာ တစ်ချက်ပြန်ကြည့့်ပြီး.....

"ကိုကိုမျက်နှာသစ်ပေးမယ် ပြီးရင်ထမင်းစားရအောင်နော်"

ခေါင်းလေးငြိမ့်ကာ မချိပြုံးလေးပြုံးနေတဲ့ပင်တိုင့်ကိုချီကာ မျက်နှာသစ်ရန်အတွက် ရေတွင်းရှိရာသို့သာခေါ်လာခဲ့၏။

တပင်တိုင်Where stories live. Discover now