Part (19)

596 53 4
                                    

(Unicode)

လေးလံနေတ​ဲ့မျက်လုံးများကို ပင်တိုင်မဖွင့်ချင်ပါသော်လည်း မနည်းအားယူပြီးဖွင့်ခဲ့ရသည်။မျက်လုံးဖွင့်ဖွင့်ခြင်း ပင်တိုင်မြင်လိုက်ရသည်ကရင်းနှီးတဲ့မျက်နှာကျက်တစ်ခုကိုသာ၊ညကအိမ်ရှေ့ကအပင်ရှိကွပ်ပျစ်အောက်မှာ ပင်တိုင်တို့အိပ်ပျော်သွားကြပေမဲ့ ဘယ်လိုဖြစ်ပြီးအခန်းထဲပြန်ရောက်နေလဲမသိ။နိုးလာသည့်အချိန်၌လင်းခေးလည်းဘေးမှာမရှိသလို ပင်တိုင်လည်းအခန်းထဲပြန်ရောက်နေခဲ့သည်။

အိပ်ရေးပျက်ထားတဲ့ရက်တွေမနည်းတာကြောင့် ညကပင်တိုင်နှစ်နှစ်ခြိုက်ဘဲအိပ်ပျော်သွားမိသည်။မနက်မိုးလင်းလို့အခန်းထဲပြန်ရောက်နေပုံအရ လင်းခေးဘဲပြန်ပို့ထားသည်လားပင်မသိချေ။

လယ်ထဲလည်းသွားရအုံးမည်မို့ ဆက်ပြီးတွေးတောမနေတော့ဘဲ ပင်တိုင်အိပ်ရာကသာထလာခဲ့၏။

အိမ်ထဲတွင်ကိုယ်စီအလုပ်ရှုပ်ကြသလို ပင်တိုင်လည်းမျက်နှာသစ်ပြီးနောက် လယ်ထဲလိုက်ဖို့သာပြင်ဆင်နေခဲ့ရသည်။ဝါးခေမောက်ကလေးအား ပင်တိုင့်ခေါင်းပေါ်တင်ရင်းမှန်ထဲကြည့်မိတော့ မြင်နေရတဲ့ကိုယ့်ရုပ်ကိုယ်ကြည့်ပြီး သက်ပြင်းသာချမိသား....။

ချွင်.....ချွင်......

လယ်ထဲသို့အဆင်သင့်သွားရန်စောင့်ကြိုနေတ​ဲ့လှည်းလေးက အိမ်ရှေ့မှာဘဲရပ်ထားလေသည်။အိမ်ထဲကထွက်လာပြီးရပ်လို့ထားတဲ့လှည်းလေးအနား ပင်တိုင်ပိုပြီးနီးကပ်လာသည်နှင့် လှည်းပေါ်တွင်ထိုင်နေတဲ့လင်းခေးမျက်နှာက ပျော်ရွှင်မှုတို့ပျောက်ဆုံးနေသည့်လူတစ်ယောက်လို မျက်နှာမကောင်းစွာဘဲကြည့်နေခဲ့သည်။

ပင်တိုင်လည်း လင်းခေးနဲ့အကြည့်ဆုံခိုက် မျက်နှာပျက်နေခဲ့ပြီး လှည်းပေါ်တက်ရန်ပြင်လိုက်စဥ်.....

"ပင်တိုင်ကလိုက်မသွားနဲ့"

အိမ်ထဲကရှင်းလင်းစွာထွက်ပေါ်လာတဲ့ ဦးမိုးမြင့်အသံကြောင့် လှည်းပေါ်တက်လုဆဲဆဲပင်တိုင်ပင်တွန့်ဆုတ်သွားခဲ့သည်။

လင်းခေးနဲ့ကိုသိန်းတန်ကလည်း အိမ်ထဲကတံခါးမကြီးနားရပ်ကာပြောနေတဲ့ဦးမိုးမြင့်ကို နားမလည်စွာဘဲပြိုင်တူကြည့်လို့လာရာ .....

တပင်တိုင်Where stories live. Discover now