(Unicode)
အော် အီး အီး အွတ်
ချွင်....ချွင်....
္နံနက်ရောင်နီပျိုးစအချိန်တွင် ကြက်တွန်သံနဲ့ဆူညံနေတဲ့ခလောက်သံတွေကြောင့် ပင်တိုင်အိပ်မပျော်တော့ဘဲဟိုဘက်လှိမ့်လိုက် ဒီဘက်လှိမ့်လိုက်ဖြစ်နေခဲ့ပြီး မျက်လုံးတွေကတော့မဖွင့်နိုင်အောင်လေးလံနေခဲ့သည်။
နံနက်စောစောသာဆိုတယ် နွေရာသီမို့လားပင်မသိ ပြတင်းပေါက်ပိတ်ထားသည့်အခန်းက လေအဝင်အထွက်မရှိတော့သိပ်ပူလွန်းလှသည်။ပင်တိုင်အင်္ကျီလေးကိုဗိုက်အထိရောက်အောင်လှန်ပြီး ဟိုလှိမ့်ဒီလှိမ့်လှိမ့်နေတုန်း.....
ဘုတ်.....
်အင်္ကျီလေးကိုဗိုက်အထိရောက်အောင်လှန်ပြီး ဟိုလှိမ့်ဒီလှိမ့်လှိမ့်နေတုန်းကုတင်အစွန်းသို့ရောက်ကာ ပြုတ်ကျသွားခြင်းဘဲဖြစ်သည်။
"အင့် နာလိုက်တာ အဟင့်...အဟင့်"
ကုတင်ပေါ်ကပြုတ်ကျသွားမှဘဲ မျက်လုံးလေးတွေပြူးနေအောင်ဖွင့်လာသည့်ပင်တိုင် နာကျင်သွားတဲ့ကျောလေးကိုပွတ်ကာငိုရင်းကုတင်ပေါ်ကလူကိုလဲငေးကာအော်နေသည်။
"အီး ကိုကိုကန်ချတာမလား အဟင့် အဟင့်"
အိပ်ရာကပင်မနိုးသေးသည့်လင်းခေးတစ်ယောက် ပင်တိုင်ငိုသံကြားလို့ကမူးကတူးဖြင့်ထလာတော့ ကုတင်အောက်ရောက်နေသည့်ကလေးလေးက သူ့ကိုလက်ညိုးလေးထိုးကာအော်နေလေသည်။ပင်တိုင်သာလက်ညိုးထိုးပြီး သူ့အားတရားခံတစ်ယောက်လိုအော်နေတယ် လင်းခေးတော့ပင်တိုင် ယ်အချိန်ကုတင်အောက်ရောက်သွားလဲတောင်မသိလိုက်ပါ။
"ကိုကိုဘာလုပ်လို့လဲပင်တိုင်ရယ် ကိုကိုကအိပ်နေတာလေ"
"ဟုတ်ဘူး ဟုတ်ဘူး ကိုကိုကန်ချလို့ပင်တိုင်ကုတင်ပေါ်ကပြုတ်ကျတာ၊ကိုကိုအကျင့်ပုတ်လို့ ပင်တိုင့်ကျောလေးနာသွားပြီ အဟင့်...အဟင့်"
လက်ညိုးသေးသေးလေးထိုးပြီးအော်ကာငိုနေတဲ့ကလေးလေးဆီသို့ လင်းခေးအမြန်ဘဲဆင်းသွားလိုက်၏။နှုတ်ခမ်းလေးမဲ့ကာ အနားလာတာတောင်လက်ညိုးလေးထိုးထားဆဲကလေးလေးကတော့ သူ့အားအတော်လေးစိတ်ဆိုးနေသလိုပင်။