တပင္တိုင္(part 8)

749 70 3
                                    


(Unicode )

"ကိုကိုကမပြန်သေးဘူးလား"

လူစုံလင်နေတဲ့ထမင်းဝိုင်းလေးမှာ ညစာစားနေကြရင်းပင်တိုင်ထပြောလိုက်တဲ့စကားကြောင့် လင်းခေးထမင်းစားရင်း ပင်တိုင့်ကိုပြုံးကြည့်လိုက်၏။

ထမင်းကိုငုံ့စားနေတဲ့ကလေးလေးကတော့ သူ့ကိုတောင်တစ်ချက်ပြန်မကြည့်။

"မပြန်ပါဘူး ကိုကိုကပင်တိုင်နဲ့နေအုံးမှာ"

"ကိုကိုနဲ့မနေချင်ပါဘူး ပင်တိုင်ကျောင်းတက်ရအုံးမှာ၊မေမေကကျောင်းတက်ရင် ပင်တိုင့်ကိုမုန့်ဖိုးတွေအများကြီးပေးမှာ ကိုကိုနဲ့ဆော့နေရင်ပင်တိုင်မုန့်ဖိုးတွေဘယ်ရမလဲ"

သူမရှိရင်မနေတက်တဲ့ကလေးလေးက ပေါ့ပေါ့ပါးပါးဘဲထမင်းကိုပလုတ်ပလောင်းစားကာပြောနေသည်မှာ ထူးဆန်းလှ၏။လူကြီးတွေတစ်ခုခုပြောထားလို့များ ပင်တိုင်ထိုသို့ပြောသည်လားပြောရအောင်လည်း လူကြီးတွေတောင်ပင်တိုင့်ကိုကြည့်ပြီးအံ့သြနေသည့်ပုံ။

ပင်တိုင်သူ့ကိုနောက်များနောက်နေသည်လားသိရအောင်...

"ကိုကိုပြန်ရင် ပင်တိုင်ကနေနိုင်လို့လား"

"အွန်း"

"ပင်တိုင်ထပ်ဖျားရင် ကိုကိုဒီတစ်ခါပြန်မလာတော့ဘူးနော်"

"ပင်တိုင်ထပ်မဖျားတော့ပါဘူး ကိုကိုလည်းပြန်မလာရတော့ဘူး"

ထမင်းစားနေရာမှ ပင်တိုင်ရုတ်တရက်ရပ်သွားကာ ထမင်းဝိုင်းမှအရင်ထလိုက်၏။

"ပင်တိုင်ဝပြီမေမေ"

လက်ဆေးဇလုံထဲ လက်ကလေးနှိုက်ဆေးပြီးအိမ်အပေါ်ခုန်ပေါက်တက်သွားသည့်ကလေးလေးပုံစံမှာ ပင်တိုင်မှဟုတ်ရဲ့လားတောင်ထင်မှတ်ရသည်။

လင်းခေးထမင်းလည်းစားမဝင်တော့ပါ။တစ်ခြားလူတစ်ယောက်လိုဖြစ်နေတဲ့ပင်တိုင့်ကိုမြင်တာနဲ့ စားလက်စထမင်းကိုဆက်စားချင်စိတ်မရှိတော့ပေ။

မျက်နှာမကြည်မသာဖြစ်နေတဲ့လင်းခေးအရိပ်အခြေအနေကို ဒေါ်အေးသွယ်တို့အကဲခတ်နေရင်း....

"ဟုတ္သားဘဲ ကျောင်းတွေတောင်ပြန်ဖွင့်တော့မှာဘဲ၊ဒီကလေး အမေဆီကမုန့်ဖိုးကျအမှတ်ရတယ်ကြည့်စမ်း"

တပင်တိုင်Where stories live. Discover now