တပင္တိုင္(Part 10)

791 65 5
                                    

(Unicode)

"ဆရာကြီးကလဲကွာ အမြဲငါတို့ကြီးခိုင်းနေတာဘဲ"

"မလုပ်ပေးရတာလဲမဟုတ်ဘဲနဲ့ ပွစိပွစိပြောမနေစမ်းပါနဲ့ နားညီးတယ်"

"ဟ တစ်ခြားရွာထိသွားသွားနေရတာ မောတယ်ဟ"

အဖြူအစိမ်းဝတ်စုံလေးတွေကို တူညီစွာဝတ်ဆင်ထားကြတဲ့ကျောင်းသားသုံးယောက်အနက် ဖိုးဖြူလမ်းတစ်လျှောက်လုံး တစ်ပွစိစိဖြင့်လုပ်လာလိုက်တာ ရွာထိပ်တောင်ရောက်လုပြီ။သူတစ်ပွစိစိလုပ်နေသည်ကို သာလှမှနားညီးလို့ဝင်ပြောတော့ ဖိုးဖြူဆင်ခြေလေးကပေးသေးသည်။

သုံးယောက်အတူတူသွားကြရသည်ကို သူတင်မောတက်သည်မဟုတ်။ပင်တိုင်နဲ့သာလှလည်းမောတက်ပါသည်။သို့ပေမဲ့သူတို့ကိုခိုင်းတဲ့သူကလဲ တစ်ခြားလူမဟုတ်ဘဲကျောင်းအုပ်ဆရာကြီးဖြစ်နေတော့ငြင်းဖို့ကမသင့်။ကျောင်းအုပ်ဆရာကြီးက တစ်ခြားရွာကဖြစ်တာကြောင့် ပင်တိုင်တို့သုံးယောက်သားကျောင်းဆင်းချိန်အထိအိမ်မပြန်ရသေးဘဲ ဆရာကြီးအိမ်ကိုစာအုပ်တွေလိုက်ပို့ပေးခဲ့ရခြင်းကြောင့် ဖိုးဖြူတစ်လမ်းလုံးညီးတွားနေခြင်းဖြစ်၏။

တစ်ခြားရွာကဆိုပေမဲ့ ပင်တိုင်တို့ရွာနဲ့လည်းသိပ်မဝေးတော့တော်သေးသည်။ခြေလျင်ပြန်လာတာကိုဘဲ ရွာကိုအစောကြီးပြန်ရောက်တယ်လေ။

"အို.....ကိုသိန်းတန်နော်"

ရွာထိပ်အရောက် သဲသဲကွဲကွဲကြားလိုက်ရတဲ့အသံကြောင့် သုံးယောက်သားခြေလှမ်းတွေပြိုင်တူရပ်သွားကြ၏။ပြီးနောက် တစ်ယောက်နဲ့တစ်ယောက်နီးကပ်စွာကပ်သွားပြီး ဖိုးဖြူမှဦးစွာ.....

"ဟိတ်ကောင်တွေ ကြားလိုက်လား"

"အေး သရဲလားမသိဘူးနော်"

"ဟာ သရဲတော့မဟုတ်ပါဘူး၊အို...ကိုသိန်းတန်နော်တဲ့"

သရဲဆိုတာတော့ဖိုးဖြူလက်မခံ။ဘာလို့လည်းဆိုတော့ သူတို့ငယ်ငယ်ကထဲကရွာထိပ်နဲ့ရွာထဲကတော့ခြေဦးနဲကြမ်းပြင်ဘဲဖြစ်ရာ သရဲရှိသည့်အကြောင်းကိုတော့ ယောင်လို့တောင်မကြားဖူးပေ။ထို့ကြောင့် ဖိုးဖြူသူကြားတဲ့အသံတိုင်းတောင် အနွဲ့အနှောင်းလေးဖြင့်ဖွဲ့ကာပြောပြလိုက်သေးသည်။

တပင်တိုင်Where stories live. Discover now