Part 28

582 41 3
                                    

(Unicode)

"မမမိုး မမမိုး"

ပူပြင်းလှတဲ့နေရောင်အောက်တွင် ပုဆိုးခေါင်းမြီးခြုံလေးဖြင့် အော်ခေါ်နေတဲ့သူမရဲ့အသံက ကျယ်လောင်စွာထွက်ပေါ်နေလေသည်။အိမ်ထဲက လူထွက်လာနိုး ထွက်လာနိုးနဲ့သူမအော်ခေါ်နေခဲ့ပေမဲ့ တစ်ဦးတစ်ယောက်မှထွက်မလာပုံအရ သူမခေါ်သံကိုပင်ကြားရဲ့လားမသိချေ။ထို့ကြောင့် သူမအားတင်းလျက် ထပ်မံပြီးအသံကိုမြှင့်၍သာ ခေါ်လိုက်ရလေသည်။

"မမမိုး...မမမိုး"

နေ့လည်ပိုင်းနေကျစ်ကျစ်တောက်ပူနေတဲ့အချိန်ကြီးမှာ မေမိုးတို့မိသားစုတွေလည်းတစ်ရေးတစ်မောအိပ်နေခဲ့ရာ အိမ်ရှေ့ကသူမနာမည်ခေါ်သံကိုချက်ချင်းမကြားပေ။ကြားကြားချင်းထွက်လာခဲ့ရာ ခြံအဝတွင်ပုဆိုးခြုံပြီးရပ်နေတဲ့ မိန်းကလေးတစ်ယောက်ကိုသာတွေ့လိုက်ရ၏။

ပုဆိုးခြုံထားသည့်သူမှာ မျက်နှာကိုမဖော်ဘဲခေါင်းငုံ့နေတာကြောင့် အဝေးကကြည့်လျှင်မည်သူမည်ဝါမှန်းမသိသာ။မေမိုးအနားရောက်မှ ခြုံထားသည့်ပုဆိုးစကိုမျက်နှာလေးဖော်ကြည့်လာတဲ့နှင်းသဒ္ဒါကိုမြင်ပြီး မေမိုလည်းအံ့အားသင့်သွားရသည်။

"သဒ္ဒါ ဒီအချိန်ကြီးဘယ်လိုဖြစ်တာလဲကွယ်"

နှင်းသဒ္ဒါကိုအိမ်ထဲခေါ်ချင်ပေမဲ့ နှစ်ဖက်မိဘတွေရဲ့တင်းမာနေတဲ့ဆက်ဆံရေးကြောင့် မေမိုးအိမ်ထဲသို့လည်းခေါ်လို့မဖြစ်ချေ။အိမ်ထဲကတစ်ယောက်ယောက်ထွက်လာမည်ဆိုးတာကြောင့် အိမ်ဘက်ကိုလည်းခဏခဏပြန်လှည့်ကြည့်ရသေးသည်။

"မမမိုး သဒ္ဒါ့ကိုကူညီပါဦးမမမိုးရယ်"

ပြောရင်းနဲ့မျက်ရည်တွေစီးကျလာတဲ့နှင်းသဒ္ဒါကိုကြည့်ပြီး အကြောင်းအရင်းသေချာမသိရသေးသော်လည်း မေမိုးဂရုဏာသက်မိသွားသည်။

"ဘာဖြစ်တာလဲသဒ္ဒါရယ် မထိတ်သာမလန့်သာနဲ့"

"သဒ္ဒါနဲ့လူရိုးတို့အိမ်လိုက်ခဲ့ပေးပါလားမမမိုး အရမ်းအရေးကြီးလို့ပါ"

"လူရိုးတို့အိမ်လား"

"လိုက်ခဲ့ပေးပါမမမိုးရယ် သဒ္ဒါ့ကိုကူညီနိုင်တာမမမိုးဘဲရှိလို့ပါ"

တပင်တိုင်Where stories live. Discover now