Part 30

556 41 4
                                    

(Unicode)

"ငါမရှိတုန်းမင်းသခင်ကိုဂရုစိုက်ရမယ်နော်"

"အာဝု..."

"ဟ ဒီကောင်ကြီးနားလည်တယ်ကြည့်စမ်းပင်တိုင်"

အိမ်ပေါ်ကဆင်းလာတဲ့ပင်တိုင့်ကို လင်းခေးနဲ့တုတ်ပေါခေါင်းလေးတွေမော့ကြည့်လျက်။လင်းခေး တုတ်ပေါကိုစကားတွေပြောပြီး သဘောတွေကျနေပြန်ကာပင်တိုင့်ကိုပြန်ပြောနေလိုက်သေးသည်။

သွားခါနီးလာခါနီး တုတ်ပေါနဲ့ဆော့နေတဲ့လင်းခေးကိုကြည့်ပြီး ပင်တိုင်ခေါင်းလေးသာဘယ်ညာရမ်းမိသွား၏။သက်ပြင်းလေးလည်းချလျက်....

"တုတ်ပေါကနားလည်မလားကိုကိုရဲ့ ဆော့မနေတော့နဲ့ရထားမမှီဘဲနေလိမ့်မယ်"

လင်းခေးအတွက်ယူလာတဲ့ခရီးဆောင်အိတ်လေးကိုသာ ပင်တိုင်ကမ်းပေးရင်းပြောလိုက်လေသည်။

တုတ်ပေါအနားကလင်းခေးလည်းထလိုက်ပြီး ပင်တိုင်ပေးလာတဲ့ခရီးဆောင်အိတ်လေးကိုသာယူလိုက်၏။ထို့နောက်ပင်တိုင့်ပခုံးလေးကိုသာဖက်လျက် ခြံအပြင်ကိုထွက်လာခဲ့ကြသည်။သူတို့နှစ်ယောက်ဘေးလိုက်ပါလာတဲ့တုတ်ပေါမှာလည်း အမြှီးလေးတနှံ့နှံ့နဲ့သာ။

ခြံအပြင်ရောက်မှ လင်းခေး ပင်တိုင့်ကိုဖက်ထားရာမှလွှတ်လိုက်ပြီး ခြံတံခါးကိုသာပိတ်နေခဲ့သည်။

"သွားတော့မှာလား"

လင်းခေးခြံတံခါးပိတ်နေချိန်
ကိုကျော့မြိုင်နဲ့အစောတို့ပါ ခြံရှေ့ကိုရောက်လာကြလေသည်။

ပင်တိုင်ခေါင်းလေးငြိမ့်ပြီး ကိုကျော့မြိုင်နဲ့အစောကိုပြန်ဖြေနိုင်ပေမဲ့ ခြံတံခါးပိတ်နေရသေးတဲ့လင်းခေးကတော့ ကိုကျော့မြိုင်တို့ကိုတောင်ပြန်မဖြေအား။တံခါးပိတ်ပြီးမှသာ ကိုကျော့မြိုင်တို့ဘက်လှည့်ကာပြန်ဖြေနိုင်လေသည်။

"ပင်တိုင်က ရထားနောက်ကျမှာဆိုးလို့တဲ့အကိုကျော့မြိုင်ရေ"

"ဟုတ်တယ်လေကွာ စောသွားထားလို့မမှားပါဘူး"

ကိုကျော့မြိုင် ပင်တိုင့်ဘက်ကဝင်ထောက်ခံတော့ ပင်တိုင်မေးလေးပင့်လျက်တောင်လင်းခေးကိုကြည့်လိုက်သေးသည်။

တပင်တိုင်Where stories live. Discover now