တပင္တိုင္(Part 14)

784 69 9
                                    

(Unicode)

ပင်တိုင်မနက်အစောကြီးနိုးနေတာကြောင့် မျက်နှာသစ်ဖို့ထွက်လာခဲ့ပေမဲ့ အိမ်အောက်မဆင်းခင်လင်းခေးအခန်းကိုသာအကြည့်ရောက်သွား၏။အခန်းတံခါးကြီးပွင့်နေတဲ့လင်းခေးအခန်းဆီသို့ ပင်တိုင်သွားကြည့်လိုက်ရာ အခန်းထဲတွင်လင်းခေးရှိမနေ၊အိပ်ရာကိုသေသပ်စွာခေါက်ထားခဲ့ပုံထောက်လျှင် လင်းခေးအစောကြီးအိပ်ရာကထသွားပုံရသည်။

လင်းခေးမရှိတာကြောင့် ပင်တိုင်အောက်ထပ်သို့ဆင်းလာခဲ့ရာ အောက်ထပ်တွင်လည်းလင်းခေးမရှိပြန်။မိုးလင်းပါပြီဆိုကထဲက လင်းခေးကိုမတွေ့ရသေးသည့်အပြင် အိမ်ထဲကိုလှည့်ပတ်ကြည့်တော့လည်း နွားတွေနဲ့လှည်းပါမရှိချေ။

အကြောင်းသိရအောင် မီးဖိုထဲမှာအလုပ်ရှုပ်နေတဲ့မေမိုးကိုမေးဖို့သာ ပင်တိုင်မီးဖိုချောင်ထဲသို့ဝင်လာခဲ့၏။ချက်ရင်းပြုတ်ရင်းနဲ့ လူဝင်လာတာကိုသတိထားမိတဲ့မေမိုးကတော့ အနောက်သို့ချက်ချင်းလှည့်ကြည့်လာလေသည်။

"မမမိုး ကိုကိုကော"

"လင်းခေးကလယ်ထဲသွားပြီလေပင်တိုင်ရဲ့"

"ဟင် ပင်တိုင့်ကိုလည်းမစောင့်ဘူး"

ပင်တိုင်ပြောမှမေမိုးလည်းတွေးမိတယ်၊ပုံမှန်ဆိုပင်တိုင်အိပ်ရာကမထမချင်းထိုင်စောင့်ပြီး ပင်တိုင်နဲ့မှလင်းခေးအတူတူလယ်ထဲသွားတက်ပေမဲ့ သည်ကနေ့လင်းခေးဘာစိတ်ကူးပေါက်ပြီးတစ်ယောက်ထဲသွားလဲမသိ။

နှစ်ယောက်သားတစ်ခုခုဖြစ်ထားသည်လားမပြောတက် ညကလည်းပင်တိုင်လာမှထမင်းစားမည်ပြောပြီးလင်းခေးစောင့်နေခဲ့ရာ ပင်တိုင်ပြန်လာတော့ထမင်းမစားဘဲ လင်းခေးသွားသာအိပ်၏။အခုလည်း ပင်တိုင့်ကိုတစ်ယောက်ထဲထားခဲ့ပြန်သည်။

"မင်းတို့စိတ်များဆိုးနေကြတာလားပင်တိုင်ရယ်"

"မဆိုးပါဘူးမမမိုးရဲ့"

ပင်တိုင်တို့နှစ်ယောက်ကြားမှာ စိတ်ဆိုးစရာရှိအောင်လည်း ထွေထွေထူးထူးဖြစ်ထားတာမရှိချေ။မနေ့ကနေ့လည်ကထိတောင် လင်းခေးနဲ့အဆင်ပြေနေခဲ့ရာ ညနေစောင်းနောက်ပိုင်းကထဲက လင်းခေးနဲ့စကားတောင်မပြောရသေးတာမို့ စိတ်ဆိုးရမည့်ကိစ္စဆိုပင်တိုင်ယောင်လို့တောင်တွေးမရပါ။

တပင်တိုင်Donde viven las historias. Descúbrelo ahora