တပင္တိုင္(Part 9)

706 74 4
                                    

(Unicode )

တစ်အိမ်လုံးတွင် လူစုံတက်စုံရှိကာတစ်နေရာထဲမှာထိုင်နေကြပေမဲ့ အိမ်ကတော့တိတ်ဆိတ်နေသည်။ပင်တိုင့်အကြောင်းကြားကထဲက ဦးညိုဆေးဆိုင်မှပြန်ခေါ်လာခဲ့ရာ ဒေါ်အေးသွယ်မျက်နှာထားတင်းမာနေတာနဲ့ ဘယ်သူမှလဲစကားမဟရဲကြ။

မေမိုးနဲ့ဦးမိုးမြင့်တို့ ဒေါ်အေးသွယ်ရဲ့မျက်နှာရိပ်မျက်နှာကဲကြည့်ကာ အလိုက်အထိုက်နေနေကြသော်လည်း ပင်တိုင်ကတော့ရောက်ကထဲကစက္ကူလုံးကိုရေဆေးပြီးယပ်ခပ်လို့မပြီး။

"ကြားလို့မှကောင်းကြသေးရဲ့လား ခွေးနဲ့ပြိုင်ကိုက်ရတယ်လို့"

စက္ကူလေးကိုယပ်ခပ်နေရင်း သူ့အားဒေါသထွက်ထွက်နဲ့ထပြောလာတဲ့ဒေါ်အေးသွယ်ကို ပင်တိုင်မျက်နှာကိုမော်မကြည့်ရဲပါ။ခွေးအကြောင်းပြန်ပြောလျှင် ပင်တိုင်လည်းရှက်ပါသည်။စာကိုကိုက်သွားတဲ့အချိန်က စာကိုပြန်ရချင်သည့်စိတ်ကြောင့်ကော ခွေးအကိုက်ခံထားရတာကြောင့်ပါ သွေးပူနေလို့ဘာကိုမှမမြင်မိဘဲစိတ်လက်မာန်ပါလုပ်လိုက်မိပေမဲ့ တကယ်တမ်းပြန်တွေးမှဝရုန်းသုန်းကားနိုင်ပြီး အတော်လေးရှက်ဖို့ကောင်းသည်။အခုဆိုပင်တိုင်ရွာထဲကိုတောင် ဘယ်လိုမျက်နှာနဲ့သွားရမလဲမသိတော့ချေ။

"ကျော်မကောင်းကြားမကောင်းတော် ခွေးအမြှီးများတက်နင်းပြီးခွေးကိုသွားခွရအောင် နင့်အာရုံတွေဘယ်ရောက်ကုန်တုန်း...ဟင်"

"ပင်တိုင့်အမှားမှမဟုတ်တာမေမေကလဲ အဲ့ခွေးကဘာလို့လမ်းလယ်မှာလာအိပ်နေလဲ"

ပြောရင်းပြောရင်းနဲ့ ပင်တိုင်အသံလေးသာတိမ်ဝင်သွား၏။

ခွေးကိုတောင်အပြစ်ပြန်တင်နေသေးသည့်ပင်တိုင့်ကို ဒေါ်အေးသွယ်ဒေါသထွက်သည်ထင်ပိုပြီးရိုက်ချင်လာသည်။ရိုက်ချင်တိုင်းရိုက်ရအောင် လူကလည်းကလေးမဟုတ်တော့၊၁၀တန်းတောင်ရောက်နေပြီ ဒီအရွယ်မှလိုက်ရိုက်ရရင်လည်း လူပြောစရာကဖြစ်အုံးမည်။

"ခွေးကအိပ်နေရင် လမ်းလျှောက်နေတဲ့နင်ကရှောင်ရမှာပေါ့ဟဲ့"

"ပင်တိုင်မမြင်လို့ပါမေမေရယ် နောက်တစ်ခါမနင်းတော့ပါဘူး၊ဒီစာလေးဖတ်ချင်လို့ မေမေဆူချင်ရင်ပင်တိုင်စာဖတ်ပြီးမှဆူနော်"

တပင်တိုင်Where stories live. Discover now