Part 23

609 71 8
                                    

(Unicode)

"ပင်တိုင် ကိုကို့ကိုကြည့်စမ်း"

မျက်လွှာလေးချပြီး ခေါင်းကိုတသွင်သွင်ခါရမ်းနေတဲ့ကောင်လေးက မျက်နှာကိုပင်အမြင်မခံ။လင်းခေးအကြည့်တွေကို ရှောင်တိမ်းနေလေရဲ့။

တသိမ့်သိမ့်ရှိုက်ကာငိုနေတဲ့ပင်တိုင်က သူ့မျက်နှာအားမမြင်စေလိုလျှင်လင်းခေးလည်းအတင်းမတောင်းဆိုလိုတော့ပါ။ငိုနေတဲ့ပင်တိုင့်ကိုယ်လေးကိုယ်ကိုသာ ထွေးပိုက်မြဲထွေးပိုက်လျက် .....

"ကိုကိုကရွံမှာတဲ့လား မင်းကိုကို့ကိုအဲ့လောက်ထိတောင်အထင်သေးသလား တပင်တိုင်"

"ဟင့်အင်း...ပင်တိုင် ကိုကို့ကိုအထင်မသေးပါဘူး"

မျက်ရည်လေးများစိုစွတ်နေဆဲမျက်တောင်လေးတွေပင့်တင်ပြီး သူ့အားမော့ကြည့်ကာ ပင်တိုင်ချက်ချင်းဘဲငြင်းဆန်လို့ပင်။ဆေးရှိန်​မပြယ်သေးတဲ့ ပင်တိုင့်မျက်လုံးလေးများကတော့ရီဝေဝေနဲ့။

လင်းခေးရှေ့မှာ ပင်တိုင်သိမ်ငယ်စိတ်တို့နဲ့အတူ ရှက်ရွံ့ရပါသည်၊သို့ရာတွင် လင်းခေးအားအထင်သေးသည့်အတွေးကိုတော့ ပင်တိုင့်တသက်တစ်စက္ကန့်မျှပင် အတွေးမဝင်ဖူးသည့်တိုင်အောင် သူချစ်ရတဲ့သူကိုယ်တိုင်ကစွပ်စွဲလာသည်မို့ ပင်တိုင်ရင်လည်းနာသည်။

"ဒီမှာ တပင်တိုင်...မင်းလေကိုကို့ရင်ထဲကိုမြင်အောင်ကြည့်ပါ၊တပင်တိုင်ဆိုတဲ့မင်းက ကိုကို့နှလုံးသားရဲ့အမြင့်ဆုံးနေရာမှာရှိတယ်။ရွံဖို့မပြောနဲ့ တစ်နေ့တစ်နေ့မင်းကို ကိုကိုဘယ်လောက်မြတ်နိုးနေရတယ်ဆိုတာ မင်းသိမှာမဟုတ်ဘူး"

"ကိုကို့ရှေ့မှာ ပင်တိုင်ဒီလိုဖြစ်နေတာရှက်တယ်"

"ပင်တိုင့်အပြစ်မဟုတ်ဘူး အားလုံးကိုကို့အမှားတွေပါ၊ကိုကိုသာသတ္တိရှိခဲ့ရင် ဘယ်သူမှနာကျင်နေရမှာမဟုတ်ဘူး ပင်တိုင်လည်းဒီလိုဖြစ်မှာမဟုတ်ဘူး"

"...."

"ကိုကို့ကိုယုံလား ပင်တိုင်"

ပင်တိုင်ဘာကိုမှစဥ်စားမနေတော့ လင်းခေးဖြစ်နေတာနဲ့တင်ယုံကြည်စွာဘဲ ခေါင်းငြိမ့်လိုက်မိ၏။

တပင်တိုင်Where stories live. Discover now