တပင္တိုင္(Part 12)

759 69 3
                                    

(Unicode)

ညစာစားပြီးကထဲက ပင်တိုင်အခန်းဆီသွားပြီးစာလုပ်နေသလို လင်းခေးလည်းသူ့အကြောင်းကိုမေးနေတဲ့ မိဘတွေနဲ့စကားသာထိုင်ပြောနေခဲ့သည်။

မတွေ့ရတာကြာတော့ ဒေါ်အေးသွယ်နဲ့မေမိုးတို့မှာ လင်းခေးအတွက်မေးစရာတွေသိချင်တာတွေတောင်လိုပုံလို့ပင်။ဦးမိုးမြင့်သာ မြို့ကိုခဏခဏရောက်လို့ လင်းခေးအကြောင်းထွေထွေထူးထူးမေးမနေပေမဲ့ ဒေါ်အေးသွယ်နဲ့မေမိုးတို့ကတော့ ထမင်းစားပြီးကထဲကထိုင်ပြီးမေးမြန်းနေလိုက် အချိန်အတော်ကြာတဲ့ထိအောင်။

"မေမေလေးတို့က ပြန်လာမယ်လို့ထင်မထာဘူး။ပြန်လာရင်တောင်လူရိုးတို့ကားနဲ့ဘဲပြန်လာမယ်ထင်တာ"

"လူရိုးတို့ကားနဲ့ပြန်လိုက်ဖို့ဆို တပတ်လောက်ကြာမှာ။အဲ့လောက်မစောင့်နိုင်တာနဲ့ ရထားနဲ့ဘဲ ကျွန်တော်လည်းပြန်လာလိုက်တာမေမေလေး"

"ရထားနဲ့ဆိုတော့ သားပင်ပန်းတာပေါ့"

ဒေါ်အေးသွယ် ပင်ပန်းမည်ဆိုတော့လင်းခေးရယ်သည်။ဟုတ်ပါသည် ကားနဲ့ဆိုလျှင်တစ်ရက်နဲ့ရောက်ပေမဲ့ ရထားနဲ့ဆိုလျှင်တစ်ညအိပ်တစ်ရက်ကြာတဲ့ခရီးကလင်းခေးအတွက်ပင်ပန်းပါသည်။သို့ပေမဲ့ ပင်ပန်းသော်လည်းပင်ပန်းသည်ဟုမခံစားရပါ။လွမ်းနေရတဲ့သူတွေကိုတွေ့ဖို့ တစ်ပတ်လောက်စောင့်ရသည်ထက်စာလျှင် အပင်ပန်းခံပြီးအမြန်တွေ့ရတာပိုကောင်း၏။

စကားပြောကောင်းကောင်းနဲ့ပြောနေလိုက်တာ ည၉နာရီတောင်ရှိပြီမို့အတော်လေးနောက်ကျနေပြီ။ရွာဓလေ့မို့စောစောအိပ်ရာဝင်ပြီး မနက်စောစောထတက်တဲ့အကျင့်ရှိရာ မနက်မနိုးမှာဆိုးတာကြောင့်ဒေါ်အေးသွယ်ကဘဲ ဦးစွာစကားဖြတ်လိုက်၏။

"၉နာရီတောင်ထိုးနေပြီ သားလည်းသွားအိပ်တော့လေလင်းခေး။မေမေလေးတို့လည်း အိပ်ကြတော့မယ်"

"ဟုတ်ကဲ့ မေမေလေး"

"အေးအေး"

ဒေါ်အေးသွယ်နဲ့ဦးမိုးမြင့်တို့ အရင်ထသွားပြီးနောက် မေမိုးနဲ့လင်းခေးလည်းအိမ်ပေါ်သို့အတူတက်လာခဲ့ကြသည်။

တပင်တိုင်Where stories live. Discover now