(Unicode)
နေခြစ်ခြစ်တောက်ပူပြင်းနေတဲ့နေ့လည်ပိုင်းတွင် ဦးထုပ်မပါထီးမပါဘဲ အလျင်လိုနေတဲ့ခြေလှမ်းတွေဖြင့်လျှောက်နေတဲ့သူရ။လက်ထဲတွင်လည်းစာလေးတစ်စောင်ကိုကျစ်ကျစ်ပါအောင်ဆုပ်ကိုင်ပြီး ဦးမိုးမြင်နဲ့ဒေါ်အေးသွယ်တို့အိမ်ကိုလာနေလေသည်။
အဝေးကမြင်နေရတဲ့အိမ်ဆီသွားနေရပေမဲ့ သူရရင်တွေပူပြင်းနေသည်။
ယခုချိန်မှာကောင်းကင်ယံကနေမင်းကြီးရဲ့အပူထက် သူ့ရင်ထဲကအပူကပိုပြီးပူပြင်းနေသလိုပင်ခံစားနေရ၏။"ဒေါ်လေး...ဒေါ်လေးအေးသွယ်"
သူမနာမည်ကိုရေရွတ်ကာ အိမ်အပြင်ကအသံကုန်ဟစ်၍အော်နေတဲ့အသံကြားပြီး ဒေါ်အေးသွယ်အိမ်အပြင်ကိုအမြန်ထွက်လာလိုက်ရသည်။အိမ်အပြင်တွင် ရုပ်ပျက်ဆင်းပျက်ဖြင့်အလောတကြီးအော်ခေါ်နေသူက သူရဖြစ်နေတာကြောင့်သူမတောင်အံသြနေရ၏။
တစ်အိမ်သားလုံးကြားရတဲ့အထိအော်ခေါ်နေတဲ့သူရအသံကြောင့် ဒေါ်အေးသွယ်တင်မဟုတ်၊ဦးမိုးမြင့်နဲ့ မေမိုးတို့လင်မယားပါအိမ်အပြင်ကိုရှေ့ဆင့်နောက်ဆင့်ထွက်လာခဲ့ကြသည်။
နေပူကြီးမှာရပ်နေတဲ့သူရကိုကြည့်ပြီး ဒေါ်အေးသွယ်စိတ်မအေးရပေ။တစ်ခုခုဖြစ်မှာဆိုးတာကြောင့်လည်း.....
"အိမ်ထဲလာခဲ့လေဆရာလေးရဲ့ နေပူကြီးရပ်နေလို့အပူရှပ်နေဦးမယ်"
သူရကိုစိတ်ပူစွာဘဲ ဒေါ်အေးသွယ်အိမ်ထဲကိုခေါ်လိုက်လေသည်။
သူရ သူမရှိရာတော့လျှောက်လာပါသည်။သို့သော်အိမ်ထဲကိုတော့မဝင်၊သူ့ကိုစိတ်ပူပေးနေရှာတဲ့ဒေါ်အေးသွယ်အတွက် သူရစိတ်မကောင်းလွန်း၍အသိပေးရမည့်အကြောင်းကိုပြောမထွက်ဘဲ ဝမ်းနည်းစွာဘဲကြည့်နေမိတော့၏။
"ဘာဖြစ်လာလို့လဲဆရာလေးရဲ့ တစ်ခုခုများအဆင်မပြေဖြစ်လာလို့လား...ဒေါ်လေးတို့ဘာကူညီရမလဲပြောလေ"
ဂရုဏာသက်စွာပြောနေတဲ့ဒေါ်အေးသွယ်ကို သူရလာရင်းအကြောင်းပြောဖို့ခဲယဥ်းလှစွာ။သူမစကားတွေကိုခေါင်းတရမ်းရမ်းနဲ့ဘဲငြင်းဆန်ပြီးတုန့်ပြန်နေမိတော့သည်။ထို့နောက် အသံတွေတုန်တုန်ယင်ယင်ဖြင့်....