Part 24

624 55 5
                                    

(Unicode)

ဤအချိန်လောက်ဆိုလျှင် ရွာကထွက်သွားတဲ့လင်းခေးနဲ့ပင်တိုင်တို့လည်း တစ်နေရာရာသို့သွားနေကြရော့မည်။ကျန်နေခဲ့တဲ့ သူတွေမှာတော့မေးခွန်းများစွာဖြင့် ဦးမိုးမြင့်ထိန်ချန်ထားသည့် သူမတို့မသိခဲ့ရတဲ့အကြောင်းအရာတွေအတွက် ဖြေရှင်းချက်တစ်ခုရယူဖို့သာ စောင့်နေကြ၏။

လင်းခေးနဲ့ပင်တိုင်တို့ထွက်သွားကထဲက ဒေါ်အေးသွယ်မျက်နှာထားက တင်းမာနေသည်လည်းမဟုတ် ဝမ်းနည်းတစ်ပန်းဖြစ်နေသည်လည်းမဟုတ်ဘဲ ဘာကိုမှမပြောဘဲတိတ်ဆိတ်နေခဲ့သည်က ဦးမိုးမြင့်ကိုပိုပြီးအခက်တွေ့စေသည်။မေမိုးကိုကြည့်ပြန်တော့လည်း အရယ်အပြုံးတွေပျောက်ရှကာ မသုန်မလှုပ်နဲ့သိသိသာသာမျက်နှာပျက်နေခဲ့သည်။

မဖြစ်မနေဖြေရှင်းရမည့်အတူတူ ဦးမိုးမြင့်အကြောင်းစုံကိုပြောမည်လုပ်တိုင်း သူမတို့ကိုမြင်ပြီးပြောမထွက်ချေ။ဘယ်တော့မှဒီလိုအခြေအနေမျိုးနဲ့ဖြေရှင်းရမည်လို့ထင်မထားတဲ့ကိစ္စတစ်ခုကို လွယ်လွယ်နဲ့လုပ်ခဲ့ပေမဲ့ ဖြေရှင်းဖို့ဒီလောက်ခက်ခဲလိမ့်မည်လို့တော့ ဦးမိုးမြင့်ထင်မထားခဲ့ပါ။

သူထိုင်နေရာမှထလိုက်တော့ သူ့လုပ်ရပ်တိုင်းကိုဇနီးဖြစ်သူနဲ့သမီးဖြစ်သူက လိုက်လံကြည့်ရှုနေလျက်။ဦးမိုးမြင့်လက်နှစ်ဖက်လုံးကိုနောက်ပစ်လွှဲ၍ သူမတို့နှစ်ဦးသားကို ကျောပေးလျက်သားဖြင့်ပူပြင်းနေတဲ့လေပူများကိုသာ တစ်ချက်မှုတ်ထုတ်လိုက်ပြီး လေးကန်နေတဲ့စကားသံတစ်ချို့နဲ့အတူ.......

"လွန်ခဲ့တဲ့၇နှစ်နှစ်လုံးလုံး လင်းခေးကိုငါပြန်မလာခိုင်းခဲ့တာ"

ဦးမိုးမြင့်နှုတ်ကကိုယ်တိုင်ထွက်ပေါ်လာပြီဖြစ်တဲ့ စကားတစ်ချို့ကြောင့်ဒေါ်အေးသွယ် မယုံကြည်နိုင်စွာဘဲမျက်လုံးများကိုစုံမှိတ်ချပြီး ခေါင်းသာရမ်းမိသွား၏။

မျက်ရည်လေးတွေသုတ်နေတဲ့မေမိုးကိုကြည့်ပြီး ကိုသိန်းတန်လည်းစိတ်မကောင်းရပေ။သို့ပေမဲ့ သူလည်းဘာမှမတက်နိုင်၊မေမိုးနဲ့ပတ်သက်ပြီး ဒီမိသားစုဝင်ဖြစ်နေပေမဲ့ ဒီမိသားစုရဲ့ကိစ္စတိုင်းကိုပါဝင်ပတ်သက်ဖို့တော့သူ့မှာ့အခွင့်အရေးမရှိပါ။သူဝင်ပါလို့မသင့်သည့်ကိစ္စမှာ ကိုသိန်းတန်မရှိသလိုဘဲနေနေရသည်။

တပင်တိုင်Where stories live. Discover now