Part 29

618 42 2
                                    

(Unicode )

လင်းခေးနဲ့ကိုကျော့မြိုင်တို့ ကျောက်ပန်တောင်းသို့တက်သွားသည်မှာတစ်ညအိပ်နှစ်ရက်ခန့်ပင်ကြာမြင့်၏။ဤကနေ့မှပြန်လာမည်ဖြစ်ရာ သူတို့ကိုကြိုရန်အတွက်ပင်တိုင်နဲ့အစောတို့နှစ်ယောက်သား နေမမြင့်ခင်မှာဘဲရွာက ထွက်လာခဲ့လိုက်ကြလေသည်။ရွာမှအစောကြီးထွက်လာခဲ့တာကြောင့် ရထားဆိုက်မည့်အချိန်နဲ့ဝေးသေးရာ နှစ်ဦးသားစိတ်ရှည်ရှည်နဲ့ဘဲထိုင်စောင့်နေကြရ၏။

ရထားစောင့်ရင်း မျည်းနှစ်သွယ်အပြိုင်ဖြစ်နေတဲ့ရထားလမ်းလေးကိုကြည့်ကာ ပင်တိုင်ငြိမ်သက်နေလေသည်။ရထားလာဖို့လည်းလိုသေးသဖြင့် ပျင်းပျင်းရှိစနဲ့အစောကဘဲစကားစမြည်ပြောလိုက်ရသည်။

"ကျောင်းပြီးရင်ဘာလုပ်မယ်လို့စဥ်းစားထားလဲပင်တိုင်"

ရထားလမ်းကိုအကြောင်းအရင်းမရှိဘဲငေးလို့ကောင်းနေတဲ့ပင်တိုင်လည်း အစောအသံကြားမှသတိပြန်ကပ်သည်။ထို့နောက်ရထားလမ်းမှအကြည့်လွှဲကာ ပင်တိုင် အစောဘက်သို့သာပြန်ကြည့်လာပြီး....

"ပင်တိုင်ကျောင်းဆရာဖြစ်ချင်တယ် အစော"

ပင်တိုင်စဥ်းစားစရာမလိုဘဲ စိတ်ထဲရှိသည့်အတိုင်းသာပြောလိုက်၏။

အစောကတော့ ပင်တိုင့်စကားကိုကြားကာပြုံးသည်။အစောမေးလို့ဖြေပြီးမှ အစောကပြုံးနေတာကြောင့် ပင်တိုင်အနည်းငယ်တော့ရှက်မိသွားသည်။ခေါင်းလေးသာအနည်းငယ်ပုကျသွား၏။

"ကျောင်းဆရာလား"

"ဟုတ်"

"ကျောင်းဆရာအလုပ်က ပင်တိုင်နဲ့လိုက်သားဘဲ"

ဆက်ပြီးပြောလာတဲ့အစောစကားကြောင့်ပုဝင်နေတဲ့ပင်တိုင့်ခေါင်းလေးက ပြန်မတ်လာလေသည်။
မျက်နှာလေးပင်ရွှင်ပြသွားပြီး ပင်တိုင်အားတက်သရောနဲ့...

"တကယ်လားအစော"

"တကယ်ပေါ့ ဒါနဲ့ပင်တိုင်ကဘာလို့ကျောင်းဆရာဖြစ်ချင်တာလဲ"

"အစကတော့ပင်တိုင်လည်း ဘာဖြစ်ချင်မှန်းမသိဘူး၊ရွာမှာတုန်းကလည်းဂိုက်ပြဖူးပေမဲ့ ဒီလောက်လေးလေးနက်နက်တော့တစ်ခါမှမတွေးဖူးဘူး။ဒီရွာရောက်မှကလေးတွေကိုစာပြရင်း စာသင်တဲ့အလုပ်ကိုပိုသဘောကျလာတာဘဲ"

တပင်တိုင်Where stories live. Discover now