Part 22

620 55 5
                                    

(Unicode)

"ကြည့်စမ်းပါအုံး...မလှဘူးလားသဒ္ဒါရယ်"

"လှပါတယ်မမမိုး"

မင်္ဂလာပွဲရက်အမှီ သတိုးသားနဲ့သတိုးသမီးအတွက်အပ်ထားတဲ့ချုပ်ထည်တွေက မင်္ဂလာပွဲမတိုင်မီသုံးရက်အလိုမှရသည်။အပ်ထည်တွေရရခြင်း တော်၏မတော်၏လိုအပ်တာတွေပြင်စရာရှိလျှင် ပြင်လို့ရအောင် မေမိုးတို့သုံးယောက် နှင်းသဒ္ဒါအိမ်သို့ သတိုးသားနဲ့သတိုးသမီးကိုအင်္ကျီတွေစမ်းဝတ်ကြည့်စေရန် လာခဲ့ရသည်။

မိုးပြာရောင်သတိုးသမီးဝတ်စုံလေးက မျက်စိရှေ့မှာလှပစွာနေရာယူနေပါသော်လည်း နှင်းသဒ္ဒါတက်ကြွခြင်းမရှိ၊မေမိုးရှေ့မို့သာ သူမစိတ်ကျေနပ်အောင်ပြုံးပြီးဖြေလိုက်ရသော်လည်း စိတ်ထဲတွင်တော့ဗလာဖြစ်နေခဲ့သည်။

မင်္ဂလာဝတ်စုံတွေကိုမြင်ပြီး မေမိုးသာသဘောတွေကျနေတယ်၊သတိုးသားနဲ့သတိုးသမီးဖြစ်ကြမဲ့ လင်းခေးနဲ့နှင်းသဒ္ဒါကသူမလောက်တောင်အားတက်သရောမရှိတာကို မေမိုးသဘောမကျပေ။ထို့ကြောင့် ဝတ်စုံတွေကိုလင်းခေးနဲ့နှင်းသဒ္ဒါလက်ထဲသူမကိုယ်တိုင်ထည့်လိုက်ပြီး....

"လှတယ်လုပ်မနေနဲ့ သဒ္ဒါကောလင်းခေးကော...သွားဝတ်ကြည့်ကြအုံး"

"တော်မှာပါမမမိုးရဲ့"

"ကဲ...သွားဘဲဝတ်ကြည့်ကြစမ်းပါအေ၊ဖေကြီးက သတိုးသားနဲ့သတိုးသမီးကိုသေချာဝတ်ကြည့်စေချင်လို့လွှတ်လိုက်ပါတယ်ဆို"

နှင်းသဒ္ဒါဆန္ဒအတိုင်းဆို စိတ်မပါတဲ့မင်္ဂလာပွဲမို့ဝတ်စုံတွေအပေါ်အာရုံမရောက်တာနဲ့ ဝတ်ချင်စိတ်ကိုမရှိပါ။သို့သော် မေမိုးကအတင်းတောင်းဆိုနေတော့သူမလည်းမငြင်းသာတော့ပေ။
ဝတ်စုံကိုယူပြီးသာ အဝတ်လဲရန်သူမအခန်းထဲဝင်လာခဲ့ရသည်။

နှင်းသဒ္ဒါသတိုးသမီးဝတ်စုံကိုယူသွားသည်အထိ တစ်ယောက်သောသူကတော့ငြိမ်ချက်သားကောင်းစွာသတိုးသားဝတ်စုံကိုငေးနေသေးသည်။သူများသားသမီးကိုပြောရဆိုရလွယ်သလောက် ကိုယ့်မောင်ကကြောင်အမ်းအမ်းလုပ်နေသည်မို့.....

"ဟဲ့လင်းခေး...သြော် သွားဝတ်ကြည့်ပါဆို"

သတိုးသားဝတ်စုံကိုငေးပြီး အတွေးလွန်နေတဲ့လင်းခေး မေမိုးထပ်မံအော်လိုက်မှသတိထားကြည့်မိရာ စောစောကထိုင်နေတဲ့နှင်းသဒ္ဒါလည်းမရှိတော့သလို၊နှင်းသဒ္ဒါမိဘတွေကလဲ ဝတ်စုံကိုသွားဝတ်မကြည့်သေးဘဲတစ်ယောက်ထဲကျန်နေခဲ့သည့်သူ့ကိုသာ ကြည့်နေကြသည်။

တပင်တိုင်Where stories live. Discover now