တပင္တိုင္(Part 11)

759 73 16
                                    

(Unicode)

ပုံမှန်ဆိုပင်တိုင်ကိုယ်တိုင် လင်းခေးအတွက်စာလာပေးနေကြဖြစ်ပေမဲ့ ဒီကနေ့တော့လူရိုးဘဲစာကိုလမ်းကြုံဝင်ယူဖို့လာခဲ့သည်။

စေ့လို့ထားတဲ့ခြံတံခါးအနားမှာ လူရိုးရပ်နေကာ အိမ်ထဲကအရိပ်အခြေအနေအားကြည့်လိုက်တော့မည်သူ့မှမမြင်။အိမ်ထဲမှာများ တစ်ယောက်ယောက်ရှိလိုရှိငြား....

"ပင်တိုင်...မမမိုး ...ပင်တိုင်"

ညကပင်တိုင်ဘယ်အချိန်အိပ်ပျော်သွားလဲမသိ၊အိပ်ရာထဲတောင်ဝင်မအိပ်မိဘဲ စာကြည့်စားပွဲပေါ်မှာဘဲအိပ်ပျော်သွားလေသည်။သူ့နာမည်အား တစ်ယောက်ယောက်အော်ခေါ်သံကြားလို့နိုးလာခဲ့ရာ အချိန်ကိုကြည့်တော့မနက်၈နာရီတောင်ရှိနေပြီ။

"သေပြီတပင်တိုင်ရေ သေပြီ"

မနက်ပိုင်းအစောကြီးထနေကျဖြစ်တာကြောင့် မနက်၈နာရီဆိုတာ ပင်တိုင့်အတွက်တော့လန့်စရာပါ။အော်ခေါ်နေတဲ့အသံကလည်း အဆက်မပြတ်ထွက်ပေါ်နေသဖြင့် ပင်တိုင်ပြတင်းပေါက်ဆီသို့ပြေးကြည့်လိုက်ရာ ခြံရှေ့မှာလူရိုးသူ့အားရပ်ကာခေါ်နေသည်။

လူရိုးကိုမြင်မှ စားပွဲပေါ်ကစာလေးကိုပင်တိုင်သတိရတယ်။ပင်တိုင် စာသွားမပေးရသေးတော့ လူရိုးကိုယ်တိုင်စာလာယူသည်ထင်ပါရဲ့။စားပွဲပေါ်ကစာအိတ်လေးကိုယူပြီး လူရိုးထပ်မစောင့်ရလေအောင် ပင်တိုင်အိမ်အပေါ်မှအမြန်ပြေးဆင်းလာခဲ့ရ၏။

အမောတကောပြေးလာတဲ့ကောင်လေးက မျက်နှာတောင်မသစ်ရသေးပုံထောက်တာနဲ့....

"အိပ်များပျော်နေတာလား ငါခေါ်နေတာကြာလှပြီ"

"ညကအိပ်တာနောက်ကျသွားလို့ပါဗျာ။ကိုကြီးလူရိုးစာလာယူတာမလား"

"အေးလေ မင်းဆီလာစရာလဲဒီကိစ္စဘဲရှိတာကို"

လက်ထဲမှာအသင့်ပါလာတဲ့စာအိတ်လေးကို လူရိုးဆီကမ်းပေးတော့ လူရိုးစာအိတ်လေးကိုယူကာသူ့လွယ်အိတ်လေးထဲသေချာထည့်လေသည်။ပြီးမှ.....

"ဒါဆိုငါပြန်အုံးမယ် ငါ့အဘကားထွက်ဖို့စောင့်နေလောက်ပြီ"

"ဟုတ်ကဲ့့"

သူ့အားနှုတ်ဆက်ပြီးလူရိုးထွက်သွားပေမဲ့ ရွာထဲကပြန်လာသည်ထင်ရသည့်မေမိုး အိမ်ဆီသို့လာနေတာကြောင့် ပင်တိုင်ခြံတံခါးနားမှာဘဲရပ်စောင့်နေလိုက်၏။

တပင်တိုင်Wo Geschichten leben. Entdecke jetzt