(Unicode)
ခွပ်.......
ဦးမို့မြင့်ရဲ့ပြင်းထန်လက်သီးတစ်ချက်က ပါးပြင်းထက်အရှိန်ဖြင့်ရောက်ရှိလာသည်ကို လင်းခေးမြင်ပေမဲ့မရှောင်မိလိုက်ပါ။သူ့ဖခင်ရဲ့အမျက်ဒေါသတွေပြေပျောက်မယ်ဆိုလျှင် ဦးမိုးမြင့်ထိုးသမျှလင်းခေးငြိမ်ခံနေမိမှာ။
လင်းခေးအင်္ကျီစအားဆုပ်ကိုင်လျက် ထပ်မံထိုးဖို့ရွယ်လိုက်သော်လည်း သူထိုးသမျှငြိမ်ခံနေမည့်လင်းခေးမှာ တုန့်ပြန်ခြင်းမရှိဘဲငြိမ်နေတာကြောင့် ဦးမိုးမြင့်ပိုပြီးဒေါသထွက်ရသည်။
"တောက်"..တစ်ချက်ခေါက်ပြီး ဆုပ်ကိုင်ထားတဲ့အင်္ကျီစကိုသာလွှတ်လိုက်ပြီး လင်းခေးမျက်နှာကိုလည်းမကြည့်ချင်တာကြောင့် ဦးမိုးမြင့်ကျောခိုင်းပြီးသာရပ်နေလျက်ပင်။
လင်းခေးကောပင်တိုင်ကော နှစ်ယောက်လုံးကိုဦးမိုးမြင့်ချစ်ပါတယ်။ပင်တိုင်ကလည်း ငယ်ငယ်ကထဲကသူ့လက်ပေါ်မှာကြီးပျင်းလာတဲ့ကလေးဖြစ်ရာ မိန်းမဖြစ်သူဘက်ကပါလာတဲ့ကလေးဖြစ်သော်လည်း ဦးမိုးမြင့်အတွက်တော့သားအရင်းလိုဘဲဖြစ်သည်။
နှစ်ယောက်လုံးကိုချစ်ပေမဲ့ မျှော်လင့်မထားတဲ့မြင်ကွင်းကိုမြင်လိုက်ရသည့်အချိန်ကဆိုလျှင် ဦးမိုးမြင့်တစ်ကိုယ်လုံးကသွေးတွေပြောင်းပြန်စီးသွားသလားပင်ဖြစ်ကာမှင်သက်နေခဲ့ရသည်။သူချစ်ရတဲ့သားနှစ်ယောက်မှ ထိုသို့ဖြစ်လေတော့ဦးမိုးမြင့်ဒေါသလဲထွက်သလို ရှက်လဲရှက်ရာ.......
"မင်းကိုဒီအရွယ်အထိပညာသင်ပေးထားတာ ဦးနှောက်မရှိတဲ့အလုပ်တွေလုပ်ဖို့မဟုတ်ဘူးလင်းခေး"
"......"
"အခုတော့မင်းကငါတို့မျက်နှာကိုအိုးမဲသုတ်လိုက်တာဘဲ"
"ပညာတက်တာနဲ့ဘဲ ချစ်တက်တဲ့စိတ်မရှိရတော့ဘူးလားဖေကြီး"
"ချစ်တက်တဲ့စိတ်နဲ့မဆိုင်ဘူး မချစ်သင့်တဲ့လူကိုချစ်လို့ပြောနေရတာကွ...နားလည်လား"
လင်းခေးဘက်လှည့်ပြောလာပြီး ဟိန်းခနဲထွက်ပေါ်လာတဲ့ဦးမိုးမြင့်အသံကြီးကြီးစိုးသွားရာ အခန်းအပြင်မှာခိုးပြီးနားထောင်နေတဲ့ပင်တိုင့်ကိုယ်လေးပင်တွန့်သွားမိသည်။