Part 18

592 55 4
                                    

(Unicode)

ရွာထဲကလူကြီးတစ်ချို့နဲ့ တစ်ဘက်ရွာကတာဝန်ရှိတဲ့လူကြီးတစ်ချို့အပြင် နှစ်ဖက်မိဘတွေစုံလင်နေကြတဲ့စကားဝိုင်းလေးမှာ ဝတ်ကောင်းစားလှတွေဝတ်ထားကြပေမဲ့ အရယ်အပြုံးကင်းမဲ့နေတဲ့ကောင်လေးနဲ့ကောင်မလေးမှာ ခေါင်းလေးတွေပင်မဖော်ဝံ့ကြ။

တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ဖို့ပင် ခက်ခဲလှစွာ..အတွေးကိုယ်စီဖြင့်ရင်ရင်နာနာနဲ့ငြိမ်သက်နေကြရသည့်သူတို့အဖြစ်ရယ်ပါ။

"တစ်နှစ်ထဲမှာနှစ်မင်္ဂလာမဆောင်ကောင်းဘူး၊ဆောင်မယ်ဆိုရင်လည်း သုံးမင်္ဂလာပြည့်မှဖြစ်မှာ"

အကြီးဖြစ်တဲ့မေမိုးမင်္ဂလာဆောင်ထားတာမကြာသေးသဖြင့် အငယ်ဖြစ်တဲ့လင်းခေးတို့မင်္ဂလာပွဲစီစဥ်ဖို့မသင့်ကြောင်း ရွာလူကြီးကဘဲနားလည်စွာဖြင့်ပြောလာသည်။

တစ်နှစ်ကုန်ဖို့ကလည်း မြန်မာလနှင့်ဆိုလျှင်သိပ်မလို၊တစ်လလောက်ဘဲကုန်ဖို့လိုတာကြောင့် မြန်မြန်ပြီးမြောက်ချင်ပြီဖြစ်တဲ့မင်္ဂလာပွဲမို့ ဦးမိုးမြင့်မှ လူကြီးစကားကိုထောက်ခံရင်းသူ့ဆန္ဒအားဝင်ပြောလာတော့သည်။

"နှစ်ကုန်ဖို့ကလည်းသိပ်မှမလိုတော့ဘဲ..ကျွန်တော့်ဆန္ဒအရဆိုရင်တော့ မြန်မာနှစ်သစ်ကူးပြီးတာနဲ့ကလေးတွေမင်္ဂလာပွဲကို အမြန်ဆောင်ရွက်စေချင်တယ်။ကိုယက္ခတို့သဘောထားကော ဘယ်လိုရှိလဲ"

"ကျုပ်လည်းကိုမိုးမြင့်ပြောတာကိုသဘောကျပါတယ်..သုံးမင်္ဂလာပြည့်အောင်လုပ်ဖို့ကျလည်း ပွဲတွေဆက်နေလို့မကောင်းဘူးမို့လား။နှစ်ကုန်ဖို့လည်းသိပ်မလိုတော့...မြန်မာနှစ်ကုန်ပြီးတာနဲ့ကလေးတွေမင်္ဂလာပွဲကိုစီစဥ်ကြတာပေါ့"

အတိုင်အပေါက်ညီနေကြတဲ့ မိဘတွေရဲ့စကားတွေကြားမှာနှင်းသဒ္ဒါမျက်ရည်မကျမိအောင်မနည်းထိန်းချုပ်ကာ ခြုံလို့ထားတဲ့ပဝါပါးပါးလေးကိုသာ အပြစ်ဖွဲ့ဆုပ်ချေနေမိသည်။သူမနဲ့လူရိုးလည်းသူငယ်ချင်းတွေအဖြစ်မှ ချစ်သူတွေအဖြစ်သို့ရောက်ရှိလာကြပေမဲ့ သူမသူငယ်ချင်းလိုဘဲသဘောထားတဲ့လင်းခေးကို အိမ်ထောင်ဖက်အနေနဲ့မြင်လို့မရပေ။ချစ်ရတဲ့လူရိုးအပေါ်အားနာစိတ်တို့ဝင်ရသလို သူငယ်ချင်းအရင်းကြီးဖြစ်တဲ့လင်းခေးဆိုတဲ့အတွေးနဲ့တင် သူမပင်ပန်းလှပြီ။

တပင်တိုင်Where stories live. Discover now