Part 25

684 51 4
                                    

(Unicode)

"ကိုမိုးမြင့် ထွက်ခဲ့စမ်းပါဗျ၊ကိုမိုးမြင့်...."

ဦးမိုးမြင့်မျက်နှာတောင်မသစ်ရသေး၊မနက်စောစောအိမ်ရှေ့က ထွက်လာတဲ့အသံတွေကြောင့် အိမ်အပြင်သို့သာအမြန်ထွက်ကြည့်လိုက်ရသည်။ခြံအပြင်တွင် တပည့်တပန်းတစ်ချို့နဲ့အတူ ဓားတစ်လက်ကိုကိုင်ပြီးကြိမ်းဝါးနေတဲ့ ဦးယက္ခကိုမြင်ပြီး ဦးမိုးမြင့်အနည်းငယ်တော့ရှိန်သွားသည်။

လင်းခေးတို့ထွက်သွားတဲ့သတင်းလည်း ရွာနဲ့ရွာအနီးနားတစ်ဝိုက်သို့ သတင်းပျံ့နေလောက်ပြီဖြစ်ရာ မင်္ဂလာပွဲပျက်သည့်ကိစ္စနဲ့ဦးယက္ခအိမ်ရှေ့မှာဓားကြိမ်းကြိမ်းနေတာမဆန်းပါ။ဦးမိုးမြင့်သာဆိုရင်လည်း ဦးယက္ခနေရာမှာဒီလိုဘဲလုပ်မိမှာသေချာသည်။

"ကိုမိုးမြင့်ခင်ဗျားဘာလုပ်နေတာလဲ ထွက်ခဲ့စမ်းပါ"

"တော်ပါတော့အဖေရယ် တစ်ရှက်ကနေနှစ်ရှက်ဖြစ်အောင်မလုပ်ပါနဲ့ သဒ္ဒါတောင်းပန်ပါတယ်"

"ညည်းဖယ်စမ်းပါ ငါတို့မိသားစုကိုအရှက်ခွဲတဲ့လူတွေ ငါခွင့်မလွတ်နိုင်ဘူး"

နှင်းသဒ္ဒါနဲ့သူမမိခင်ဘယ်လောက်တားတားမရ၊တစ်ဦးတည်းသောသမီးအတွက် အမျှော်လင့်ကြီးမျှော်လင့်ထားတဲ့မင်္ဂလာပွဲမှာ လင်းခေးတို့ထွက်ပြေးသွားသည်ဆိုတဲ့သတင်းကြားကြားခြင်း ဦးယက္ခပေါက်ကွဲပြီးလင်းခေးတို့ကော ဦးမိုးမြင့်တို့ကိုပါသတ်မည် ကြိမ်းဝါးပြီးထွက်လာခဲ့ခြင်းဖြစ်သည်။မင်္ဂလာပွဲပျက်သည့်ကိစ္စအတွက် အများအမြင်မှာသူမအရှက်ကွဲစရာဖြစ်ရင်ဖြစ်မယ်၊သို့သော် သူမထိုမင်္ဂလာပွဲပျက်သွားသည်ကိုဘဲ ကျေးဇူးတင်မိတာအမှန်၊လင်းခေးကိုလည်းနားလည်သလို သူမလည်းသူမချစ်သူနဲ့မခွဲချင်ပါ ထို့ကြောင့်လင်းခေးတို့ထွက်ပြေးသွားတာကိုဘဲ သူမကြိတ်ပြီးပျော်ရ၏။ထိုကိစ္စနဲ့ဘဲ သတ်မည်တကဲကဲလုပ်နေတဲ့ဖခင်ကို မဖြစ်သင့်တာတွေမဖြစ်ရအောင်လည်း မနည်းတားနေရသည်။

သူများအပေါ်ကျော်လို့ရရင် ကျော်ခွလာတဲ့လူစားမျိုးဖြစ်ရာ၊ဦးယက္ခသူ့အားပြန်ပြီးအကျော်အခွလုပ်ခံရသည့်ကိစ္စကိုတော့ ဘယ်လိုမှလက်မခံနိုင်၊နဂိုကမှဆတ်ဆတ်ထိမခံဘဲ ဒေါသကြီးတက်တဲ့သူပီပီ သူ့ဒေါသတွေဘယ်သူမှအတောမတက်နိုင်ခဲ့ပေ။

တပင်တိုင်Where stories live. Discover now