Chapter...1

120K 2.9K 88
                                    

"အမိန့်စည်းနဲ့လက်ထပ်ရမယ်...ရိုး"

"ဗျာ"

"ဟုတ်တယ်ရိုး...နင်အမိန့်စည်းရဲ့မိန်းမအဖြစ်နေရမယ်"

အားငယ်ဖျော့တော့တဲ့မျက်ဝန်းငယ်တွေက
သိမ့်ငယ်ကျဉ်းမြောင်းကာ ဝမ်းနည်းရိပ်တွေအပြည့်အသိပ့်ဖြင့် နားမလည်နိင်ခြင်းတွေပါရောထွေးနေပါ၏။

မေမေကြီးရဲ့မျက်နှာအတည်အငြိမ်က တကယ်ကြီးပြောနေတာမို့ ရိုးရဲ့ရင်အစုံကအထိတ်ထိတ်အပြာပြာဖြင့်။

"အမိန့်စည်း"

ဟု ခပ်တိုးတိုးဖွဖွ နှုတ်ခမ်းပါးလေးကလှုတ်ခတ်သွားအောင်ရွတ်ဆိုလိုက်မိလေ၏။

"ဘယ်လိုလုပ်ဖြစ်နိင်မှာလဲမေမေကြီးရယ်...
အမိန့်စည်း ဆိုတဲ့လူကိုရိုးမှမမြင်ဖူးတာ
ပြီးတော့"

"ရိုး....ဘာကိုဆိုလိုချင်လဲမေမေကြီးသိတယ်...အမိန့်စည်းက သမီး ရှင်မှုန်းနံ့သာနဲ့
စာရွက်စာတမ်းနဲ့လက်ထပ်ထားတဲ့သူ၊လူချင်းမတွေ့ဖူးကြပေမဲ့ ပန်းရဂုံစံအိမ်ကြီးက
သခင်မကြီးကိုယ်တိုင်စီမံထားတာ၊အခုလည်းအမိန့်စည်းရဲ့သုတ်ပိုးနဲ့ရတဲ့ကလေးကို
မွေးဖွားနေရင်းနဲ့ သမီးနံ့သာကဆုံးပါးသွားခဲ့
ရတယ်...မကြာခင်အမိန့်စည်းက ပဲရစ်ကနေပြန်လာတော့မယ်..ရိုးကအမိန့်စည်းရဲ့ကလေးအမေ၊သမီးနံ့သာနေရာမှာ ဟန်ဆောင်ပေးရုံပါပဲ"

"အို...မဖြစ်နိင်တာမေမေကြီးရယ်၊တခြားနည်းလမ်းတွေမရှိတော့ဘူးလား၊ပြီးတော့ ရိုးက..ရိုးက"

"ရိုး က မေမေကြီးကိုမသနားဘူးထင်တယ်ကွယ်"

မျက်နှာငယ်လေးဖြစ်သွားကာ အသံသိမ်ဝင်သွားပြီးနောက်
သက်ပြင်းချလိုက်တဲ့ မေမေကြီးရဲ့ ဆန္ဒပြင်းပြမူတွေနောက်
မှာ ရိုး အားတုံအားနာဖြစ်မိသွားရပြီး အမှန်ပြောရရင် ရိုး သ
နားသွားမိတာအမှန်ပါ။

ဒါပေမဲ့ သခွပ်ရိုး ဆိုတဲ့ ကိုယ်တိုင်ကိုက မလှပတဲ့အပယ်ခံ
လေးဆိုလေမို့ အမြဲအားငယ်နေရလေသည်မဟုတ်လား။

ပြီးတော့ ရိုးက...ရိုးကလေ

"ရိုး မေမေကြီးတောင်းဆိုသမျှမဖယ်ရှားပဲ ခေါင်းငြိမ့်ခဲ့တာ
ရိုးတစ်သက်ပါပဲ...အခုဟာက ရိုး ကြောက်တယ်မေမေကြီး
ရယ်...ရိုးက မိန်းကလေးမဟုတ်လေတော့"

မောင့်အမိန့်စည်း (မောင့်အမိန့်စည်း)Where stories live. Discover now