Chapter...22

19.1K 988 36
                                    

"မောင်...ထတော့နော်...မောင်လယ်ထဲသွားမယ်ဆို"

ထိုအခါမှာ သူ့ကိုတင်းကျပ်စွာ ရင်ခွင်ထဲထွေးဖက်ထားတဲ့
လက်တွေက လှုပ်ရှားလာပြီး ပိုတိုး၍ပင်ဖက်တွယ်လာကာ
မောင့်ရဲ့မျက်နှာကြီးက ရိုးရဲ့မျက်နှာနုနုပေါ် ကျရောက်လာ
သည့်မို့ ရိုးမှာ မရှိရှိတဲ့အားနဲ့ပြန်တွန်းရင်း သတိပေးရပြန်လေ
၏။

မောင့်ရဲ့လက်တွေမှာလည်း သူ့ရင်ဘတ်ပေါ် ပြေးလွှားလှုပ်
ရှားကစားနေပြန်လေသည်။ကိုယ့်ရဲ့ယောက်ျားဖြစ်သူဆိုတော့
လည်း အပြစ်လည်းတင်လို့မရ..ရိုးကိုယ်တိုင်တောင် မောင်
ငြီးငွေ့သွားမှာ စိတ်ပူနေတဲ့သူမဟုတ်လား။

"မောင်"

"ဘာလဲကွာ"

"6နာရီထိုးနေပြီ"

"ဟင်!ဟုတ်လား"

ရိုးရဲ့စကားဆုံးသည်နှင့် မောင့်ရဲ့မျက်လုံးမဖွင့်ပဲ အိပ်ချင်မူး
တူးနဲ့ပြန်ဖြေနေတဲ့ မောင့်အသံလေးက ခါတိုင်းကြားနေကျ
ပြတ်သားတိရှတဲ့အမိန့်ဆန်ဆန် မာကျောခက်ထန်တဲ့အသံအ
နေအထားမျိုးမဟုတ်ပဲ ခပ်ချွဲချွဲအသံလေးနှောကာ လွတ်လပ်
မူတွေပါဝင်နေတာမို့ ရိုးမှာမောင့်ကိုကြည့်ပြီးချစ်မဝလေတော့။

"အောက်အီးအီးအွတ်"

"အဲ့ကြက်က ဘယ်ကကြက်လဲ...ညတိုင်းတစ်နာရီခြားတစ်ခါ
အိမ်ခေါင်မိုးပေါ်တတ်ပြီးအော်တယ်...မောင်လန့်လန့်နိုးရတာ
နဲ့အခုအိပ်ရေးမဝချင်တော့ဘူး"

အမိန့်က ညသန်းခေါင်ယံကနေ မနက်အချိန်ထိ ဓနိခေါင်မိုး
ပေါ် လာလာတွန်တတ်တဲ့ ဘေးအိမ်က ကိုကြီးကြက်ပေါရဲ့
ကြက်ထီးကြီးကို မကျေနပ်စွာ ပြောရင်း အိပ်ရာကထလိုက်
လေ၏။

အိပ်ရာထခါနီး ရိုးကို အနမ်းနဲ့ညှောင့်သွားဖို့လည်းမမေ့ချေ။

"အဲ့ဒါ ဘေးအိမ်က ကိုကြီးကြက်တောရဲ့ ကြက်လေမောင်"

"သူ့အိမ်သူသွားမအော်ပဲ...ဘာလို့ဒီအိမ်ကျမှလာလာပါးစပ်
ယားနေတာလဲ...အော်တာကလည်းမောင်တို့ခေါင်းရင်းမှာ
လာအော်သလားမှတ်ရတယ်..အသံကပြဲလန်နေတာပဲ"

"တိရစ္ဆာန်ဆိုတော့ သူ့ဓာတ်ကျတဲ့နေရာမှာ တွန်တာနဲ့တူ
တယ်"

မောင့်အမိန့်စည်း (မောင့်အမိန့်စည်း)Donde viven las historias. Descúbrelo ahora