Chapter...4

30.2K 1.6K 91
                                    

"ဒီခွေးကောင်!....ရားးးးး"

မျက်နှာပြင်တစ်ခုလုံး နီမြန်းလျက် ဒေါသတွေငယ်ထိပ်ပင်
ရောက်လုမတတ် အံ့ကိုကြိတ်ပြီး မယုံနိင်ခြင်းမျက်ဝန်းနဲ့အတူ
သူ့ကို လာထိပါးတဲ့ အရှေ့ကသူလေးကို တစ်စစီဆွဲဆုတ်ပစ်
ချင်စိတ်တွေပေါက်ဖွားကာ ကြုံးအော်လိုက်ပြီး လက်နဲ့ပင်ရွယ်
ရန်ဟန်ပြင်လိုက်၏။

"တောက်!....ရာရာစစ မင်းကများ"

"မှား....မှားပြောမိလို့ပါ...ဖိုက်တာလားလို့ပြောတာ၊ ကြောက်လို့ အီးဟီး...ဖာသည်လို့ထွက်သွားတာပါ ဟင့်"

ပြောလည်းပြောရင်း အမိန့်စည်းကိုကြောက်လွန်းလို့ သန့်စင်
ခန်းထဲဝင်ပြေးသွားတာများ လျင်သလားမမေးနဲ့၊ နောက်မြှီး
လေးပင်မတွေ့ရ။

သန့်စင်ခန်းတံခါးကိုပိတ်၊ သမီးလေးကို ပိုက်ရင်း အထဲကနေ
သူ့ကို ငိုရင်း ပြန်ရှင်းပြနေတာများ ရိုက်သံလေးတွေတောင်
ထွက်နေလေသည်။

"ရားးးး မင်းထွက်ခဲ့၊ ကြားလား ငါပြောတာ"

"ဟင့်အင်း...ထွက်ဘူးကြောက်တယ် အီးဟီး"

"ကြွက်လိုကောင်...မင်းမထွက်လာသေးဘူးလား၊ ဒုန်း!ဒုန်း!"

ခြေထောက်နဲ့ပါ စိတ်ရှိလက်ရှိဆောင့်ကန်ရင်း အခန်းရှေ့ဒေါ
သတွေထွက်ကာ ခုန်ဆွခုန်ဆွပင်ဖြစ်နေပြီး ကြိမ်မနိင်ခဲမရ
ဖြစ်နေသည့် အမိန့်စည်း။

"ရူးနေတဲ့ကောင်...ငါ့ကိုများ...ဘာ...ဖာသည်!အားးးသွေး
တတ်တယ်!"

ဂုတ်ပိုးကို လက်နဲ့ဖိ့နှိပ်ကာ စိတ်လိုက်မာန်ပါရွတ်ဆိုဆဲဆိုရင်း
အခန်းတံခါးကို တဒုန်းဒုန်းဖြင့် ဆောင့်ကန်ကာ ဒေါသငယ်
ထိပ်ရောက်နေလေ၏။

"မင်းထွက်မလာသေးဘူးလား....ဟမ်! အခုချက်ချင်းထွက်
ခဲ့"

"ဖာသည်လို့ ဟင့်...မပြောတော့ပါဘူး...ကြောက်တယ်"

"မထွက်လာဘူးလား...ဒုန်း! မင်းထွက်လည်းထွက်လာကြည့်
တစ်စစီဆုတ်ဖြဲပြီးသတ်ပစ်မယ်..ကြားလား၊ သူတောင်းစား"

ဘယ်နှယ့် စဉ်းစားကြည့်ကြပါဦး။ သူ့လို တစ်မိသားစုလုံးက
ဖူးဖူးမှုတ်ခံထားရပြီး ငွေကိုရေလိုသုံးနိင်ကာ ပဲရစ်မှာကျောင်း
တတ်နေတဲ့ လူချမ်းသာလေး၊ တနည်းပြောရရင် မိန်းကလေး
တွေရဲ့ အိမ်မက်မင်းသားလေး၊ ဘယ့်မိန်းကလေးကမှ ယောင်လိုတောင် စကားရင့်ရင့်တောင်အပြောမခံတဲ့ မိုးကျ
ရွှေကိုယ်မင်းသားလေးကို ဟိုးအောက်ခြေထိ ပြောလိုက်ပုံ
များ လူကိုရစရာပင်မရှိ။

မောင့်အမိန့်စည်း (မောင့်အမိန့်စည်း)Where stories live. Discover now