Chapter...40

9.9K 632 33
                                    

ပန်းရဂုံစံအိမ်၌ အလုပ်သမားများ အလုပ်ရှုပ်နေကြသလို
သခင်မကြီးနှင့် ဒေါ်မြတ်ပန်းရုံ တို့ကိုယ်တိုင် ဦးစီးကာ အစား
အသောက်နှင့် အိပ်ခန်းတွေကို ကြီးကြပ်ညွှန်ကြားနေပါ၏။

"သေချာလေးရှင်းလင်းလုပ်ထားကြနော်..ခဏနေဆိုရင်ပြန်လာကြတော့မှာ အမောတကောနဲ့ ခရီးပန်းလာတာနဲ့နားကြ
ဦးမှာနဲ့"

"ကြားကြတယ်နော် အမှားမရှိစေနဲ့ အခုဆို ပန်းရဂုံရဲ့သွေး
မျိုးဆက် မင်္ဂလာရှိတဲ့ ကလေးလေးပါ ပါလာမှာ..အစစအရာ
ရာ သေချာဂရုစိုက်ကြ..ဒီနေ့ကစပြီး ပန်းရဂုံရဲ့စံအိမ်ကနေ
ဘယ်သူတစ်ဦးတစ်ယောက်မှ နှုတ်မစောင့်စည်းပဲ မင်္ဂလာ
ကျက်သရေမရှိတဲ့စကားတွေ တစ်လုံးမှမပြောရ၊မကြားချင်
ဘူး...အဲ့လိုမဟုတ်ပဲ စည်းကမ်းချိုးဖောက်မယ်၊ ပြီးပြီးရော
စကားတွေထွက်လာမယ်ဆိုရင် ငါ့အဆိုးမဆိုနဲ့"

သခင်မကြီးက အသက်အရွယ်သာအိုတာ ဟိတ်ဟန်သြဇာ
ကတော့ လေသံနှင့်တင်မလျော့၊ ယခုထိလည်း သခင်မကြီး
စကားကိုအလေးပေး၍ နားထောင်ဆောင်ရွက်တတ်တဲ့ နောက်မွေးခြံပေါက် မျိုးဆက်တွေကလည်း ရှိတာမို့ ဆွေမျိုး
တော်တွေ့ဆူံပွဲတွေတတ်ရောက်ပါက တစ်ဖက်လူကို ဖြုံသွား
စေတဲ့ အရှိန်အဝါတော့ကျန်ရှိနေပါသေး၏။

"သခင်မကြီး!သခင်မကြီး ဟိုလေ အကိုလေးတို့ပြန်လာကြပြီ
ရှင့်"

"အဲ့ဒါဆို အဲ့လိုကြီးကြောင်တောင်ကြီးတွေမနေနေကြနဲ့လေ..
ခက်တာပဲ"

အမိန့်တို့ ရဲ့ မီးခိုးရောင်ကားလေးက ပန်းရဂုံထဲဝင်လာခြင်း
မှာပင် ဝိုင်းဝန်းဆူညံ့ပွက်နေကြပါ၏။ ရင်တမမနဲ့ မျှော်လင့်နေ
တဲ့ သခင်မကြီးတို့ကတော့ ကြည်နူးအပြုံးမျက်ဝန်းလေးတွေ
ဖြတ်သန်းနေပါလေသည်။

"လာသမီးတိမ်လွှာ...ဖြည်းဖြည်းလျှောက်၊ အခုချိန်မှာ အစစ
အရာရာသတိထားရမဲ့အချိန်...မပေါ့ဆနဲ့...သက်သာရဲ့လား
မသက်မသာတာရှိရင်ပြောနော်...ဘွားတို့ မိသားစုဆရာဝန်
ကိုခေါ်လိုက်မယ်အချိန်မရွေးပဲ"

"ဟုတ်တယ်သခင်မကြီးရေ...ကျွန်မလည်း ဆင်ခြင်နေထိုင်
ဖို့အတန်တန်သတိပေးနေရတယ်...အခုမှ သန္ဓေသားလောင်း
ကဖွံဖြိုးဆဲမဟုတ်လား...အဖိုးတန်ရတနာလေးဆိုတော့လေ
ဟင်းဟင်း"

မောင့်အမိန့်စည်း (မောင့်အမိန့်စည်း)Where stories live. Discover now