Chapter...41

10.3K 653 50
                                    

"အခုတော့ဘယ်နှယ်ရှိစ...သိပ်မက်မောတွယ်တာနေပါတယ်
ဆိုတဲ့ကောင်က လူရှေ့သူရှေ့မရှောင် ဒီအချိုးချိုးသွားတာ
ငါဖြင့်နင့်အစား ရှက်လို့သေချင်တာပဲ မိတိမ်လွှာ"

"ဟွန်း"

တိမ်လွှာမြင့်မိုရ်က ထုံးစံအတိုင်း မျက်စောင်း​လေးတရွယ်ရွယ်။

"သမီးအတွက်က စာကိုမဖွဲ့နေတော့တာ...အမိန့်က သမီးကို
ရွဲ့ပြီးကို တမင်လုပ်သွားတာသိရဲ့သားနဲ့...ကြည့်နေ သမီးသာ
ကိုယ်ဝန်ရှိလာခဲ့ရင် သခွပ်ရိုးကို ကောင်းကောင်းကြီးပညာပြန်
ပေးပြမယ်"

"နင်ကပညာပြန်ပေးမှာကနောက်...အခုနင်ချည်း အကွက်စုံ
အောင်ပြခံနေရပြီ...ငါတော့ရင်လေးမိတယ်..ဟိုကောင်လေး
ကြည့်ရတာလည်း သနားကမားရုပ်လေးနဲ့"

"အဲ့ဒါသူထိုက်နဲ့သူကံပဲလေမေမေရဲ့၊ သူမိဘ​တွေဆုံးပြီး သူများအိမ်မှာ အခိုင်းအစေဘဝနဲ့နေခဲ့ရသေးတဲ့ဟာ..အလ
ကားသနားမနေနဲ့...စိတ်မကောင်းလည်းမဖြစ်နဲ့..အဲ့ဒါရှင်း
တယ်...ကြည့်နေလိုက် နောက်ကျရင် သမီးမွေးတဲ့ကလေးကို
ထိန်းရပြီး ဒူးနဲ့မျက်ရည်သုတ် မခံစားနိင်ဖြစ်ပြီး အမိန့်နဲ့ကွာ
ရှင်းပြီးနောက်...လမ်းပေါ်က ဆိုက်ကားသမား၊ကူလီထမ်းတဲ့
သမားနဲ့ပဲပြန်ညားလိမ့်မယ်...သူအဆင့်အတန်းကအဲ့အတန်း
အစားပဲဟာ"

"ဗိုက်ထဲက လူဖြစ်လာမဲ့ကလေးလည်းပြန်သနားပါဦးတိမ်လွှာ
ရယ်...အဲ့လောက်ကြီးကျ"

"အမေနော်...သမီးပြောပြီးသား..သမီးကို ပိတ်ပင်တာမျိုး
လုပ်မယ်ဆို အခုတည်းကပြန်တော့...အမေ့သမီးကပြောရင်
ပြောတဲ့အတိုင်းတကယ်လုပ်တာ...ပြီးတော့ ဘွားပေးထားတဲ့
ဘဏ်ကဒ်ထဲက ငွေသုံးသိန်းလောက်ထုတ်ပေးဦး"

"ဘာဝယ်မလို့လဲ သမီး"

"ဗိုက်ဖုံးအကျီတွေနဲ့ အိမ်တွင်းစီးဖိနပ်အပါးတွေဝယ်ရမယ်
လေ..ပြီးရင် ဗိုက်တဖြည်းဖြည်းကြီးလာရင် လိမ်းဖို့အလှဆီ
ဘာညာအစုံပေါ့၊ နောက်တပတ် ဆရာဝန် လာစစ်ဆေးတာနဲ့
ကိုယ်ဝန်ရှိမရှိသိရတော့မဲ့ဟာ...ဟင်း...အဲ့ကျ မြင်ယောင်
သေး သခွပ်ရိုး ဘယ်လောက်သနားစရာကောင်းနေလိုက်မ
လဲ...စဉ်းစားရင်းနဲ့တောင် သနားစရာကောင်းနေပြီ ဟား"

မောင့်အမိန့်စည်း (မောင့်အမိန့်စည်း)Where stories live. Discover now