Chapter...33

12.2K 711 40
                                    

ပန်းရဂုံစံအိမ်....။

ထိုနာမည်ကို မြင်လိုက်ရရုံနဲ့တင် အရှိန်အဝါတစ်ခုကို အမျိုး
အမည်မသိတဲ့ခံစားချက်မျိုးဖြင့် သွေးကြောထဲဆိမ့်ခနဲ့ဖြစ်မ
တတ် ခံစားမိစေမှာအမှန်ပင်။

ခန့်ညားထည်ဝါတဲ့ စံအိမ်ကြီးနဲ့အတူ ဂုဏ်သိက္ခာနဲ့လူပတ်
ဝန်းကျင်ကို အလေးထားဂရုစိုက်တတ်သလို မျိုးရိုးသွေးဆက်
ကိုတန်ဖိုးထားတတ်သည့် ကျက်သရေသမာဓိရှိလှတယ်ဆိုတဲ့
သခင်မကြီး မြတ်ပန်းရဂုံ ရဲ့ တည်ငြိမ်ဟန်ပန်က အိနြေ္ဒရှိ
လွန်းလှလေ၏။

"မေမေ"

"အင်း...ဘာပြောမလို့လဲ သမီးတော်ဝင်"

"ဟင်း"

"ပြောမယ်ကမရှိသေး...သက်ပြင်းရှည်တွေကချလို့ပါလား
ဘာတွေများရင်ပူနေရတာလဲ"

"မေမေက တည်ငြိမ်လိုက်တာ"

မေမေက တုန်လှုပ်ခြင်းအလျဉ်းမရှိ ရဲရင့်စူးရှတဲ့ မျက်ဝန်းအ
ကြည့်တွေနဲ့သာပြန်တုန်ပြန့်ကာ သူမရဲ့အမေးကိုတောင်
လျစ်လျူရှုရင်း အေးအေးလူလူ။

"မတည်ငြိမ်စရာဘာများရှိလို့လဲ...ရုတ်ရင်းဆန်ခတ်ဖြစ်နေ
စရာမှမလိုတာ"

မေမေက သူမကိုတောင် ပြန်လည်နားချနေခြင်း...။

"သွေးသားကသွေးသား...မျိုးဆက်ကမျိုးဆက်ပဲတော်ဝင်၊
ပန်းရဂုံရဲ့ မျိုးရိုးကို ငါ့လက်ထဲမှာ ဘယ်နည်းနဲ့မှ အနစ်မွန်း
မခံဘူး..."

"အမိန့်ကလက်ခံပါ့မလားမေမေ...အမိန့်ကစိတ်သိပ်ကြီးတာ
အခုတောင် ပန်းရဂုံကိုခြေဦးတောင်လှည့်မလာဘူး၊ တော်
ကြာ တော်ဝင်တို့ကို စိတ်ဆိုးလို့ဆိုပြီး အမိန့်က ဆွေခန်းမျိုး
ခန်းဖြတ်ရင်ဖြင့်"

"တော်စမ်း...တော်ဝင်...အားအားယားယား တွေမပြောစမ်း
နဲ့...အမိန့် မကြာခင်ပြန်လာလိမ့်မယ်...အဲ့ဒီအခါသာ ထပ်
ထွက်မသွားဖို့နဲ့ မျိုးဆက်မြေးယောက်ျားလေး ရဖို့သာတွေး
ထားကြ"

တော်ဝင် အလန့်တကြားဖြစ်သွားရပါသည်။ မေမေက ပူညံ
ပူညံလုပ်တတ်တဲ့စရိုက်မဟုတ် စိတ်ထဲ၌ကျိတ်၍တွေးတော
ကြံစည်တတ်တာမျိုးမ​သေချာပဲနဲ့ လည်းနှုတ်ကမပြောပြတတ်
သားဇောနဲ့စိတ်ပူနေတဲ့ သူမမှာတော့ တစ်နေ့တစ်နေ့ယောက်
ယက်ခတ်နေပေမဲ့ မေမေကတော့ အလိုက်သိအိမ်ပြန်လာ
မည်သူရဲ့ ညနေခင်းကိုစောင့်နေသူအလား၊ ဖေဖေ မဆုံးခင်
ပြောခဲ့တာတော့ မေမေက ငယ်ရွယ်စဉ်ကတည်းက သိပ်ကို
မောက်မာထောင်လွှားမာနကြီးတဲ့ မိန်းမတစ်ယောက်အနေနဲ့
သတင်းကြီးသည်တဲ့...မိဘတွေဆုံးပါးသွားပြီးတဲ့အခါမှ
တစ်ဝက်လောက်ထိလျှော့ချပြီး ငြိမ်ကုတ်သွားတာတဲ့လေ။

မောင့်အမိန့်စည်း (မောင့်အမိန့်စည်း)Where stories live. Discover now