Chapter...28

14.8K 858 29
                                    

ဖိုးကံကောင်းလေးရဲ့ အိမ်ရှေ့၌ မယောင်မလည် လူအရိပ်
အခြည်ကြည့်ကာ အိမ်ထဲသို့ လှည့်တကြည့်ကြည့်ဖြင့်
ခေါက်တုန့်ခေါက်ပြန် လမ်းလျှောက်နေလေတဲ့ လီယွန်။

ဒီကောင်လေး ရဲ့အငြင်းခံရမူကို ခံလိုက်ရတာကိုက ခံပြင်း
တာလိုလို မကျေမနပ်ဖြစ်မိတာလိုလိုနှင့် ရင်ခံနေတာကြောင့်
ညကဆို အိပ်လို့တောင်မပျော်ခဲ့။တောင်တွေးမြောက်တွေးရင်း
မှ အများဆုံးအတွေးတွေကို စိုးမိုးထားတဲ့ ဖိုးကံကောင်းလေး
ကို တွေးလေတွေးလေ ငြင်းခံရတဲ့စိတ်ကြောင့်လားမသိ ပိုပြီး
အပိုင်ရချင်လေပင်။

သူကိုယ်တိုင်ကလည်း ကမ္ဘာကျော်စန္တယားပညာရှင်ဖြစ်သလို
ဒိတ်ဒိတ်ကြဲမိန်းကလေးတွေကတောင် ငြင်းပယ်တာမျိုးတစ်
ခါမှမခံရသူမို့ ဖိုးကံကောင်းလေးနဲ့ကျ အပိုင်တွက်ထားလိုက်
မိတဲ့ကိုယ့်ကိုကိုယ်ပင် ကြောင်အန်းအန်းဖြစ်ရတဲ့အထိ။

"ဘာကိစ္စလဲ"

စကားပြောတုံးတိကြီးနှင့် အိမ်ထဲကနေခြံပြင်သို့ ထွက်လာ
သည့် ထောင်ထောင်မောင်းမောင်းနှင့် လူကိုအကဲခတ်လိုက်
လိုက်လေ၏။ ဒီတစ်ယောက်က ဖိုးကံကောင်းလေး ရဲ့အကို
ဗလ ပင်ဖြစ်လိမ့်မည်။

"ဖိုးကံကောင်းနဲ့တွေ့ချင်လို့"

"ငါ့ညီနဲ့ဘာကိစ္စရှိလို့ တွေ့ချင်ရတာလဲ"

"ကျွန်တော် စကားနည်းနည်းပြောစရာရှိလို့"

"အရေးကြီးကိစ္စမဟုတ်ရင်ပြန်...အခုကကော စကားပြော
ချင်ရုံပဲလား..ဘာတွေပြောမလို့လဲ"

"အဲ့ဒါကတော့ သူနဲ့တွေ့မှပြောမဲ့ အကြောင်းအရာတွေမို့ပါ"

"ငါ့ညီက မင်းနဲ့ပြောစရာမရှိဘူး"

တွေ့တောင်မတွေ့ရသေးပေမဲ့ တွေ့ဖို့အရေးအရှေ့ကပိတ်ပင်
ကာဆီးထားတဲ့ တံတိုင်းကြီးကကြီးမားလွန်းပေသည်။အောင့်
သက်သက်ဖြစ်သွားတဲ့ ခံစားမူနဲ့အတူ ရင်ထဲတောင် စို့နစ်ချင်
မိလေသည်။

ထိုအတူ ဒေါသရိပ်တွေပါမသိမသာပါလာတာမို့ မသိမသာ
လက်သီးဆုပ်မိလိုက်လေ၏။

"သူကိုခေါ်ပေးပါ...သူကမပြောချင်တာလား၊သူနှုတ်ကကြား
ရမှဖြစ်မယ်..."

မောင့်အမိန့်စည်း (မောင့်အမိန့်စည်း)Where stories live. Discover now