Chapter...11

25.9K 1.5K 73
                                    

အံ့သြမှင်သက်သွားတဲ့ မျက်နှာသေကြီးနဲ့မျက်နှာကြီးကို အီဒန်
နဲ့လီယွန်တို့က ကြည့်နေတုန်းမှာပင် ရုတ်ချည်း မေးရိုးတွေ
ထောင်ကာ မျက်မှောင်ကြုတ်လျက် တခုခုကိုမကျေမချမ်း
ဖြစ်သွားတဲ့ အမူအရာကြီးကြောင့် နှစ်ယောက်သား မျက်စပစ်
၍ ဘာတွေလဲ ဟုသောအထာဖြင့် စူးစမ်းနေကြလေ၏။

"ဟျောင့်အမိန့်....မင်းဘာဖြစ်တာလဲ"

".,,....."

အရိုင်းအစိုင်းတုံး  သူငယ်ချင်းဖြစ်သူရဲ့တုန့်ပြန်မလာပုံကို နှစ်
ယောက်သား အဓိပ္ပါယ်ရှိရှိပြုံးလိုက်ကြပြီး သောက်လက်စဝိုင်
ကို ဆက်သောက်နေရင်းမှ အမိန့်ဘာဆက်လုပ်မလဲ စောင့်
ကြည့်နေလိုက်၏။

ပုံစံကိုက မကျေမချမ်းဖြင့် သူစိတ်တိုင်းကျဖြစ်မလာတာ
ကြောင့် ပျက်ယွင်းနေတဲ့ မျက်နှာကြီးက ရယ်ဖို့တော့သိပ်
ကောင်းလေသည်။

အမိန့်က ငယ်ငယ်တည်းကပဲရစ်မှာ ကြီးပြင်းလာခဲ့ပြီး သူတို့
နဲ့အတူ ပုခုံးဖက်ပေါင်းပြီး အတူတူဆိုးသွမ်းခဲ့ကြတာမို့ တစ်
ယောက်အကြောင်းတစ်ယောက် အသိဆုံး။

သို့ပေမဲ့ အမိန့်က သူတို့သုံးယောက်ထဲတွင် အသက်အငယ်
ဆုံး၊ အဆိုးသွမ်းဆုံးနဲ့ ဂျစ်ကန်ကန်အနိင်ဆုံး သူလိုချင်တာမ
ရရင်လည်း ဘေးနားကပတ်ဝန်းကျင်တစ်ခုလုံးက ပစ္စည်းတွေ
အကောင်းနေရပြီမထင်နဲ့။

ကျိုးပဲ့ကွဲပြဲပြီး အကောင်းအတိုင်းမရှိအောင်ဖျတ်စီးပြီးမှသာ
စိတ်ကျေနပ်သွားတဲ့သူမျိုး၊ အဲ့အကျင့်ကိုပဲ မိန်းကလေးတွေ
ရဲ့မျက်ဝန်းနဲ့နှလုံးသားတွေထဲ ဘာလို့ရူးမတတ်ကြိုက်နေကြ
မှန်းမပြောတတ်။

ဆိုးလွန်းပေလွန်းပါတယ်ဆိုနေမှ အနစ်နာခံပေကပ်ပြီးကပ်
တွယ်ချင်သူတွေက ဒူးနဲ့ဒေး၊ ရုပ်ရည်ကလည်း ပြောစရာမလို
အောင်ချောမောတာမို့လည်း အကြည့်တချက်နဲ့တင်ဖျားနိင်
လောက်ပေ၏။

အီဒန်က အသက်22၊ လီယွန်က 25ပေမဲ့ ဖွံဖြိုးတဲ့အရပ်အ
မောင်းနဲ့ပြည့်စုံလွန်းတဲ့ အမိန့်က ဆယ်ကျော်သက်လေးပေမဲ့
ပုခုံးချင်းယှဉ်ပြီး တန်းတူပေါင်းသင်းနိင်၏။

မောင့်အမိန့်စည်း (မောင့်အမိန့်စည်း)Where stories live. Discover now