Chapter...5

27.5K 1.5K 59
                                    

မျက်လုံးလေးဝိုင်းစက်ပြူးကျယ်၍ သူ့ကို တအံ့တသြငေး
ကြည့်နေတဲ့ရုပ်လေးက ဘာရုပ်လေးလဲ။

ယခုထိ သူပြောတဲ့စကားကို နားထောင်ဖို့ဝေးဆွ၊ ကျောက်ရုပ်
တစ်ရုပ်လိုရပ်ပြီး ခေါင်းငုံ့ကာ ကိုယ်လေးတစ်သိမ့်သိမ့်ဖြစ်နေ
တည်းက သူလေးငိုနေပြီဆိုတာမသိရလေအောင် သူရူးမ
ဟုတ်။

လူပျိုမဖြစ်ခင်တည်းက မိန်းမကျမ်းကိုထုံးလိုရေလိုနှောက်နေ
အောင် ကိုယ့်တွေ့လက်တွေ့ဆင်းခဲ့ဖူးသူမို့ မိန်းမတွေရဲ့အ
ထာကိုနောကျေပြီးသား။

သို့ပေမဲ့ သူ့ရဲ့တရားဝင်လက်မှတ်ထိုးထားတဲ့ ဇနီးဆိုသူကို
တော့ နားလည်ဖို့ခက်ရခက်ခက်၊ သူ့လိုရုပ်ရည်ချောမောတဲ့
သူတယောက်ကို မသိကျိုးကျွံပြုပြီး အနားလာဖို့တောင်
ဖင်မခေါ်နေရတာကြီးကမဟုတ်တာ။

စဉ်းစားကြည့်လေ သူ့ထက်ဘယ်လောက်အသက်ငယ်ဦး
တော့...ယောက်ျားဖြစ်သူ ဘာလိုချင်လဲတောင်မသိ သူ့
ကြောင့်ခေါင်းပင်ပေါက်သွားရတာက ပတ်တီးအဖွေးသားက
သက်သေပင်။

"ဟျောင့်!"

"ဟင်...ဟင်လို့"

"မဟင်နေနဲ့...ငါ့သမီးနို့ဆာနေတာမမြင်ဘူးလား၊နို့မတိုက်ပဲ
ဘာလုပ်နေတာလဲ၊ မင်းဘယ်လိုအမေလဲ"

"ဟို..ဟိုဟာ...အရှင်ကလေ နို့မထွက်ဘူး၊ နို့လမ်းကြောင်း
ပိတ်နေတာ...ဒါကြောင့် သခင်မကြီးတို့ကနို့မှုန်တိုက်နေရ
တာမို့ အပြင်ကိုခေါ်သွားမလို့ပါ"

"သြော်!...နို့မထွက်ဘူးဟုတ်လား"

"ဟုတ်...ဟုတ်"

"နို့လမ်းကြောင်းလည်းပိတ်နေတာပေါ့နော်"

"ဟုတ်..ဟုတ်တယ်..ဟီး"

သူ့ပြောတာကို ခေါင်းတဆက်ဆက်ငြိမ့်ပြီး အကျိုးအကြောင်း
ရှင်းပြတာကို ထောက်ခံနေတဲ့ မင်းအမိန့်စည်းက ကုတင်ပေါ်
မှ ဒုတိယအခေါက်ဆင်းလာပြန်ပြီ။

ဟုတ်သားပဲ ဆိုတဲ့မျက်နှာအမူအရာနဲ့ ဖြစ်နေပေမဲ့ ဘာလို့
များ ရိုးအတွက် စိတ်မအေးနိင်တာလဲ။

"မင်းအကျီကိုချွတ်လိုက်"

"ဟင်! ဟင့်အင်း"

မောင့်အမိန့်စည်း (မောင့်အမိန့်စည်း)Where stories live. Discover now