Chapter...10

25.4K 1.5K 65
                                    

"အမိန့်...မင်းရဲ့မင်းသမီးလေးကို မတွေ့မိပါလား၊ ဘယ်နား
သွားဖွက်ထားတာလဲ"

ပါတီပွဲတစ်ခုကတော့ ပန်းရဂုံစံအိမ်ကြီးရဲ့ခြံဝန်းကြီးအတွင်း
သက်ဝင်လှုပ်ရှားစည်ကားသိုက်မြိုက်စွာကျင်းပနေလျက်။

လာရောက်ကြတဲ့ ဂုဏ်သရေရှိအသိုင်းအဝိုင်းကလူကြီးတွေ
စီးပွားရေးလုပ်ငန်းရှင်တွေ နယ်ပယ်အသီးသီးကအောင်မြင်
ကြတဲ့အနုပညာသမားတွေနဲ့ အာဏာရှိလူတန်းစားတွေဖြင့်
တော်တော်လေးမှ ပွဲစည်လွန်းလှတဲ့ ပါတီပွဲတစ်ခုဖြစ်လို့နေ
၏။

ပြိုးပြိုးပြက်ပြက် တောက်ပြောင်လွန်းတဲ့အဝတ်အစားတွေနဲ့
အသုံးအဆောင်ပစ္စည်းတွေက သူ့ထက်ငါအပြိုင်အဆိုင်ဝတ်
စားဆင်ယင်လာတာကြောင့် သိန်းသောင်းချီတန်ယှဉ်ပြိုင်
ဝတ်စားဆင်ယင်မူကြီးအလား။

ချောမောလှပပြီးစမတ်ကျလွန်းတဲ့မိန်းမချောတွေဒူးနဲ့ဒေးဖြစ်
လို့နေသလို ဂုဏ်မက်မောက်မာတဲ့မျက်နှာတွေကလည်းအ
သီးသီးဆင်မြန်းနေကြလေလျက်ရှိ၏။ ဆယ်ကျော်သက်အ
ရွယ်ခေတ်ပညာတတ်လူငယ်တွေကတော့ ကိုယ်စီစုရုံးက
စကားလက်စုံကျနေသလို အဘယ်မျှကိုရယ်မောနေကြသည်
မသိ...ပါတီပွဲအတွင်းဖွင့်ထားတဲ့ သီချင်းခပ်အေးအေးကို
နားဆင်ကာ အပျော်ကြီးမြူးနေကြလေသည်။

"သူနေသိပ်မကောင်းလို့ ဒီညနားခိုင်းထားတယ်"

"မင်းကလည်းကွာ...ကိုယ့်မိန်းမကိုဒီညမှာပွဲထုတ်မယ်မရှိဘူး
ငါတို့အားလုံးလည်း တွေ့ဖူးတာပေါ့..ဒါမှမဟုတ် ဧကန္တ သဝန်
တိုလို့ငါတို့မြင်မှာစိုးလို့လား"

"အေးလေကွာ....အမိန့် နည်းနည်းပါးပါးလှမ်းရိုးပါရစေ"

ဘေးနား စကားစနောက်ပြီး အမိန့်ကို ရွှတ်နောက်နောက်
ပြောနေကြပေမဲ့ နားထဲပင်ရောက်ရဲ့လားမသိ၊ အာရုံထဲတွင်
လည်း ထည့်ထားပုံပင်မရ၊ လက်ထဲကိုင်ထားတဲ့ဝိုင်ခွက်ကို
ခပ်တင်းတင်းကိုင်ရင်းမှ ပါးစပ်ထဲတစ်ငုံပစ်သွင်းရင်း ပါးစောင်
ထဲလျှာထိုးရင်းမှ အိမ်အပေါ်ထပ်မှ မီးရောင်ဖျဖျလေးလင်းနေ
ပါတဲ့ ပြတင်းပေါက်သို့ တစ်ချက်တစ်ချက် အကြည့်စိုက်လိုက်
လေရဲ့။

မောင့်အမိန့်စည်း (မောင့်အမိန့်စည်း)Where stories live. Discover now