Chapter...34

12.2K 676 45
                                    

ခြံတံခါးကြီးရဲ့ ဖွင့်ဟမူရဲ့နောက်မှာ တုန်ခနဲ့ဖြစ်သွားတဲ့ကိုယ်
လုံးလေးနဲ့ မောင့်ရဲ့ အားယူဖျစ်ညှစ်ဆုပ်ကိုင်မူကိုခံလိုက်ရတဲ့
လက်ဖဝါးပြင်က နွေးခနဲ့။

ပန်းရဂုံကို ပြန်လာတဲ့အပြန်လမ်းခရီးမှာ မောင်ကလည်းသာ
မာန်ထက်တိတ်ဆိတ်ငြိမ်သက်နေသလို ရိုးလည်း အပိုစကား
တွေသိပ်မပြောမိပဲ မောင်နဲ့နည်းတူ အတွေးများစွာ။

မောင်ကတော့ ဘယ်လိုဘယ်ပုံအတွေးနယ်ချဲနေသည်မသိ
ပေမဲ့ ရိုးရဲ့ခေါင်းသေးသေးလေးထဲမှာတော့ ပထမဦးဆုံးမြင်ရ
မဲ့ သခင်မကြီးရဲ့မာန်အပြည့်နဲ့မျက်နှာ၊ အေးမြနွေးထွေးနေမဲ့
မောင့်ရဲ့မေမေ၊ ရိုး ပြန်လာသည်ကို မလိုမုန်းတီးမူနဲ့ဆက်ဆံ
လေမည့် မမလေးတိမ်လွှာ၊ အပြုံးချိုချိုလေးတွေနဲ့ နှုတ်ဆက်
လေမည့် ထွေးထွေးတို့အုပ်စု...ထိုအပြင် ရိုးရဲ့သမီးအရင်း
လေးလိုချစ်ရတဲ့ နီတာရဲ ဆုလဲ့တော်ဝင်လေး။

ဒါတွေဟာ ရိုးမကြာခင်မြင်တွေ့ရတော့မည့် တခဏ၊ စိုးရိမ်မူ
ပူပန့်ကြောင့်ကြမူတွေနဲ့ စိတ်ပူမိတာတွေနဲ့အတူ ခပ်ပါးပါး
ပျော်ရွှင်မူလေးက အရောင်ခြယ်လို့ထားလေ၏။

"သခင်လေးအမိန့် ပြန်လာပြီ"

ဝမ်းသာအားရမူတွေနဲ့ အသံကိုမြှင့်၍ ပြောကာ အနောက်
ဘက်ခြံဝန်းကျယ်ကြီး၌ သန့်ရှင်းရေးလုပ်နေကြတဲ့ အလုပ်
သမားတွေကို အသိပေးလိုက်တဲ့ ခြံစောင့်ဦးလေးကြီး။

"သခင်လေးအမိန့် ပြန်လာပြီ!!"

"ဟယ်..သခင်လေးအမိန့် ပြန်လာပြီတဲ့"

"ငါပြောပြထားတဲ့ သခင်လေးအမိန့် ပြန်လာပြီ"

"တကယ်ကြီးလား...ဘယ်မှာလဲ"

"လက်ဆွဲထားတဲ့တစ်ယောက်က ပန်းရဂုံက ထွက်သွားရတဲ့
သူမလား...ဘယ်လိုလုပ်ပြီးပြန်ပါလာတာလဲ"

"အေးနော်...ဘာတွေလဲမသိဘူး"

တိုးစီတိုးစီနဲ့ အသံတိုးတိုး တွေကြောင့် ရိုး မသိဘာသာခေါင်း
ငုံ့ချမိလိုက်ပြီးနောက် မောင့်ကို အားကိုးတဲ့အကြည့်တွေနဲ့
သိမ့်ငယ်စွာ မော့ကြည့်လိုက်ပါ၏။ မောင်ကတော့ ဘယ်သူမှ
ဂရုမစိုက်တဲ့အလား အာရုံထဲတွင်မထားပဲ အပြုံးအရယ်မရှိ
ခြင်းများနဲ့ ရိုးရဲ့လက်ကို မလွှတ်တမ်းဆုပ်ကိုင်လို့ ခပ်ရဲရဲပင်
အိမ်ထဲသို့ ဝင်သွားလေသည်။

မောင့်အမိန့်စည်း (မောင့်အမိန့်စည်း)Where stories live. Discover now