Chapter...16

26.8K 1.4K 81
                                    

"ရိုး...ဒီမှာအဝတ်ထုတ်...ဒေါ်လေးနွယ် လိုအပ်တာတွေအ
ကုန် တစ်ပါတည်းထည့်ပေးလိုက်တယ်"

"ဟင်!!"

"ဟုတ်တယ် ရိုး..လိုက်သွား...သခင်မကြီးလိုက်လာပြီးမေး
ရင် မေစိမ်းတို့ ကြည့်ဖြေလိုက်မယ်"

ဒေါ်လေးနွယ်ကော မေမေကြီးစိမ်းတို့က အခန်းအတွင်းဘက်
က ကန်လန့်ကာလေးကို မပြီးအဝတ်ထုတ်ကိုဆွဲကာ ရိုးရဲ့
လက်ထဲသို့ အတင်းထိုးထည့်ရင်း ပြောရှာ၏။

တကယ်တော့ ရိုးအနေနဲ့မျက်နှာပင်မပြရဲ့ပါ။ အကြောင်းမူ
ကား မောင်က မေမေကြီးစိမ်းရဲ့သမီးရှင်မှုန်းနံ့သာနဲ့ စာချုပ်
နဲ့ပဲ လက်ထပ်ထားပြီး သမီးလေးဆုလဲ့ကို မွေးဖွားရင်းဆုံးပါး
ခဲ့ရပေမဲ့ ဘယ်လိုဖြစ်ဖြစ်တစ်ဖက်ကကြည့်ရင် ရိုးရဲ့လက်ထဲ
မောင့်ကို အလွယ်လေးကြည်ဖြူစွာ ထည့်ပေးရက်တဲ့ မေမေ
ကြီးစိမ်းရဲ့ စိတ်မနောကို အံ့သြမိသလို အားလည်းသိပ်နာမိ
လေသည်။

"မေမေကြီး...ရိုးလေ"

"ကဲပါ...အမြန်သွားကြ..တော်ကြာ အချိန်တွေလင့်နေဦးမယ်
လေးနွယ်ကတော့ နောက်ကျရင် ရွာကိုလိုက်လာမှာပါ..အခု
တော့ မေစိမ်းကိုခဏအဖော်ပြုရင်း လေးနွယ်ကို ဟန်မပျက်
နေခိုင်းရဦးမှာမို့"

"ရွာရောက်ရင် အကျိုးသင့်အကြောင်းသင့်လေးဖုန်းဆက်ဦး
နော်ရိုး...လေးနွယ်တို့က စိတ်ပူနေရမှာ..ကိုညိုကြီးတို့နဲ့တွေ
ရင်ပြောလိုက်ဦး...ဒေါ်လေးနွယ်မကြာခင် ရွာကိုပြန်လာမှာ
လို့..."

"ဟုတ်ဒေါ်လေးနွယ်...ဟိုလေ"

"ကျစ်! ခင်ဗျား ဘာဖြစ်နေတာလဲ...မပြီးနိင်ဘူးလား၊အမြန်
သွားပါမယ်ဆို...ခင်ဗျားတော့!"

အမိန့်စည်းက တစ်ခွန်းမာန်လိုက်တာနဲ့ ဘာမှထပ်မပြောရဲ
တော့ပဲ ခေါင်းလေးငုပ်ကာ အထုတ်လေးကိုဆွဲရင်း ရိုးသွား
တော့မယ်နော်ဟု လေသံလေးနဲ့ မောင်မကြားအောင် နောက်
ပြန်လှည့်၍ နှုတ်ဆက်ရှာတဲ့ ရိုးကို သဘောကျလို့ပင်မဆုံး။

ဒေါ်လေးနွယ်ကတော့ အစကတည်းကပင်သိထားပြီးသား
ရိုးက အမိန့်စည်းကို ချစ်လည်းချစ်၊ကြောက်လည်းအရမ်း
ကြောက်ရတယ်ဆိုတာ...မေစိမ်းကတော့ ရိုးနဲ့အမိန့်စည်းတို့
ထွက်သွားပြီးတည်းက အမိန့်စည်းက လူချောလေးပဲ ကိုရီး
ယားမင်းသားလေးလိုပဲ တော်တော်မိုက်တာပဲ၊ ဒါမို့ သမီးအ
ရှင်က သိပ်ချစ်ခဲ့တာဟု မျက်ရည်လေးဝဲလို့ တတွတ်တွတ်
ပြောရှာ၏။

မောင့်အမိန့်စည်း (မောင့်အမိန့်စည်း)Where stories live. Discover now