Chapter...13

26.6K 1.5K 122
                                    

🎵🎵တို့များတောရွာမှာကွယ်...အချိန်ညနေစောင်းက
လေးမယ်....အပေါင်းအသင်းနဲ့ရေခပ်လာတယ်...ထုံးစံပါ
ရွာမှာကွယ်...🎵
ဟိုရှေ့က ခင်ပျိုရယ်...ရုပ်အဆင်းကချောလှတယ်..တောအ
ရပ်မှာမနေနဲ့ကွယ်...မြို့ကိုသာမောင်ခေါ်မယ်🎵
သမီးရည်းစား စကားလာမပြောနဲ့ တောသူများဘာထင်တယ်
ရိုးသားစွာ လူဝတ္တရားကိုအများကြီးသိတတ်တယ်🎵
🎵သဘောစိတ်ကောင်းနဲ့ မောင်တောင်းပန်မယ်..ခင်ပျိုရယ်
ဘယ်ရွာမှာ နေတာကိုသိချင်လှပါတယ်🎶
🎶မှိုင်းညို့ညို့ဆိုင်းလို့ရယ် ညိုပြာရီမှောင်ခြယ် တောတန်း
လေး နံဘေးကစွယ် အဲ့ဒီရွာပဲကွယ်🎶

"ဂျောက်"

"အရှင် ဘာလို့ပိတ်လိုက်တာလဲ...နားထောင်လို့ကောင်းသား
နဲ့...အရှင်ကြိုက်လို့ဖွင့်ထားတာမဟုတ်ဘူးလား"

သမီးလေးရဲ့ အခန်းထဲ၌ အကျီလေးတွေခေါက်သိမ်းကာ ရှင်း
လင်းနေရင်း အညောင်းပြေအညာပြေ ပါးစပ်အလုပ်ပေးဖို့
FM ဖွင့်ထားမိတုန်း တိုက်ဆိုင်စွာ တောရွာသီချင်းလေး
လာနေပြန်တော့ စိတ်ထဲ၌ FMကလူတွေကိုတောင် ကျေးဇူး
သိပ်တင်သွားမိလေတယ်။

မန္တလေးမြို့ထဲ၌ တည်ရှိပါသော မိုင်းဟင်ရွာလေးကို လွမ်း
ရင်း အလုပ်လုပ်လိုက် သီချင်းလေးညည်းလိုက်ဖြင့် တယောက်တည်း တကမ္ဘာတည်နေလိုက်တာ အခန်းထဲကို
မေမေဝင်လာမှပဲ ကဗျာကယာ ထပိတ်လိုက်ရ၏။

ရိုးမှာ ပါးချိုင့်လေးပေါ်တဲ့ထိပြန်ရယ်ပြနေတုန်းမှာ အနောက်
ကနေ သမီးလေးကိုပိုက်လျက် မရှေးမနှောင်းလိုက်ဝင်လာ
တဲ့ အမိန့်စည်း။

အသက်သာ ဆယ်ကျော်သက်18နှစ်စွန်းစွန်းလေးပေမဲ့
သူ့သမီးကိုတော့ ချစ်ရှာ၏။ အပိုစကားမပြောတတ်၊ မချော့
တတ်တဲ့အမိန့်ကတော့ သမီးလေးကိုပိုက်ထားရင် သူ့သမီးကို
ရင်ခွင်ထဲထည့်ပြီး ငါးမိနစ်လောက်ထိ မမှိန်မသုန် ဘာစကား
မှမပြောပဲ စိုက်ကြည့်၍သာ သမီးလေးကိုချစ်ကြောင်းပြ၏။

ဆုလဲ့လေးက အမိန့်နဲ့တူလို့လားမသိ ယခုအရွယ်လေးတည်း
က ချောသည့်ရုပ်ရည်လေးကအသွင်ဆောင်၏။ မေမေကြီး
စိမ်းပြောသလို ညီမလေးရှင်မှုန်းနံသာက အမိန့်ကိုအပြင်မှာ
မမြင်ဖူးသေးတာတောင် ဓာတ်ပုံလေးမြင်ပြီးသိပ်ကိုစွဲလမ်းခဲ့
တာဆိုတာ အဟုတ်ပင်။

မောင့်အမိန့်စည်း (မောင့်အမိန့်စည်း)Where stories live. Discover now