မှိုင်းဟင် ရွာလေးရဲ့မနက်လင်းကြက်တွန်သံရဲ့မရှေးမနှောင်း
အချိန်လေးမှာတင် ကျွတ်စီကျွတ်စီဖြင့် အသံအုပ်အုပ်တွေနဲ့
အတင်းချနေကြတဲ့ အုပ်စုတွေနဲ့အတူ တစ်ညလုံး ဖိုးကံ
ကောင်းပျောက်သွားလို့ လိုက်ရှာနေနဲ့အဖွဲ့ရယ်လည်းရှိလေ
၏။"မေမေ...သားမိုက်ကိုခွင့်လွှတ်ပါတဲ့"
ဟု ဖိုးကံကောင်း လင်နောက်လိုက်မပြေးခင် ခေါင်းအူံးပေါ်
၌ချန်ထားခဲ့တဲ့ စာလေးကို ဖိုးရှုပ်က အစပိုင်းလေးဖတ်ပြရုံ
နဲ့တင် အကြောသိနေပြီဖြစ်တာကြောင့်...။"ဟင်း...လင်နောက်လိုက်ပြေးပြီနေမှာပေါ့၊ နေပလေ့စေဦး
ဒင်းကိုက ဆုံးမသွန်သင်လို့မရတာ..မှတ်လောက်အောင်ပစ်
ထားပြမယ်""အဲ့တော့ သားက စာဆက်မဖတ်ပြရတော့ဘူးလား"
"ဖတ်မနေနဲ့..တစ်ညလုံးရှာတာလည်းမတွေ့တဲ့အပြင် အခုစာ
ပါထားခဲ့တယ်ဆိုမှတော့ လင်နောက်လိုက်ပြေးတာပဲနေမှာ""အမေ့သားအငယ်ကောင်က အမှတ်တရတော့ရှိသား သူခိုး
ကြီးညမှခိုးရာလိုက်ပြေးတာဥစ္စာ""နင်ကလည်းတစ်မျိုးအေ...အကြီးကောင် နင့်ညီလေး မှာ
ရည်းစားဘာညာရှိတာမကြားမိမသိမိဘူးလားတော်""အမေကလည်း မသိအောင်ထားပါတယ်ဆိုမှ အကိုကြီးက
ဘယ်လိုလုပ်သိမတုန်းဗျ...ရှုပ်တယ် ရှာမနေနဲ့ အချိန်တန်
သူ့လင်နဲ့ပြန်ရောက်လာလိမ့်မယ်""လွယ်လွယ်မပြောနဲ့အမူးသမားရေ...ကျုပ်တို့ကအငယ်
ကောင်အခြေအနေကဘာဆိုတာသိနေလို့ နောက်ဆံတင်း
နေရတာ...တကယ်ပါပဲတော် ဒီကလေးကိုကပြသနာကို
မီးခွက်ထွန်းရှာတာ"အမေက သိပ်စိတ်ရှုပ်နေတဲ့ မျက်နှာအမူအရာနဲ့အတူ ထမိန်
ကိုကျစ်နေအောင်မပြီး ခုံတန်းပေါ် ငြီးငြီးငြူငြူနဲ့ထိုင်ကာ
စိတ်ပျက်တဲ့လေသံနှင့်ပြောလေ၏။ဗလကတော့ တစ်ခုခုကိုစဉ်းစားနေဟန်နဲ့ ဒေါသအရိပ်တွေ
ထင်ဟပ်နေပါသောလည်း လက်သီးကိုကျစ်နေအောင်ဆုပ်
ရင်းမှ အလိုမကျတဲ့ပုံစံဖြင့်...."ဘယ်ခွေးကောင်က ကျွန်တော်ညီကို ခိုးပြေးဖို့မြူစွယ်လဲမှ
မသိတာ အငယ်ကောင်အကျင့်ကို ကျွန်တော်အသိဆုံး သူ့
လောက်ကြောက်တတ်တာ သူပဲရှိတယ်....တောက်စ်!တွေ့
ရင်တော့လား"
YOU ARE READING
မောင့်အမိန့်စည်း (မောင့်အမိန့်စည်း)
Romanceအမိန့်စည်း+သခွပ်ရိုး ( ရှင်မှုန်းနံ့သာ) အမိန့်စည်း+သခွပ်ရိုး ( ရှင်မှုန်းနံ့သာ) ခွင့်ပြုချက်မရပဲ ငါ့အနားကထွက်ခွာခွင့်မပြုနိင်ဘူး အသက်နဲ့ခန္ဓာတည်မြဲနေသရွေ့ မင်းကိုငါပိုင်တယ်။ BL