Chapter...30

16.2K 867 21
                                    

သီချင်းနှင့်12နာရီမှာခိုးရာလိုက်ဖို့ အချက်ပြသည်ဆိုတာ
ဖိုးကံကောင်းသိသည်နှင့်တစ်ပြိုင်နက်အဝတ်အစားထုတ်နှင့်
သူ့အတွက်အရေးကြီးတဲ့ ပစ္စည်းလေးတွေကိုထည့်ထားသည့်
အိတ်လေးကို အကိုတွေမမြင်စေရန် အခန်းထောင့်လေး၌
ကျကျနနလေး သေချာသွားဝှက်ထားလိုက်လေသည်။

မြန်မာစကားပီကလာမပီကလာနှင့် သီချင်းဆိုနေတဲ့လူကြီး
ကို ရီချင်ပေမဲ့လည်း မကြာခင်ပဲ ကိုယ့်ရဲ့မူပိုင်ယောက်ျား
ဖြစ်လာတော့မည်ဆိုတော့ မလှောင်ရဲ။ ဒါမျိုးကျ အကြံတွေ
သိပ်ထုတ်တတ် သိပ်ကိုတတ်တဲ့လူကြီး။

ကိုယ်ကို့၌မှာလည်း ဒီလို နိင်ငံခြားသားလူတစ်ယောက်နဲ့
အကြောင်းပါဖူးစာဆုံရမယ်လို့ တစ်ခါမျှပင်စဉ်းကိုမစဉ်းစား
ဖြစ်ခဲ့။

ဒီလူကြီးကို ကြောက်စိတ်ကော သူ့ရဲ့ဘဝကိုပါသိသွားပါက
ရွံရှာမုန်းတီးသွားမည်ဟုပါ တထစ်ချယုံကြည်ထားတာမို့ပါ
ပေါင်းစပ်၍ အကြိမ်ကြိမ်ငြင်းဆိုခဲ့သည်မဟုတ်လား။တကယ်
တမ်း သူနဲ့ခိုးရာလိုက်ရမည်ဆိုတော့ ရှက်သည်းပိုရင်ခုန်နှလုံး
တုန်မိသလို ခြေဖျားလက်ဖျားလေးတွေတောင်အေးစက်၍
ထိုင်ထမရလေတဲ့ဝေဒနာလေးဖြင့် တိုးတိတ်တိတ်ဖြင့်သာ
စိတ်ပူနေရလေ၏။

သို့သော်ငြား အမေနဲ့အကိုတွေကို ခွဲရတော့မည်ဆိုတဲ့ ခံစား
ချက်လေးကရောထွေးဝင်ရောက်လာပြန်တော့ ညိုးငယ်ကျ
သွားတဲ့မျက်နှာလေးနဲ့အတူ သက်ပြင်းခပ်ရဲ့ရဲ့ သာချနိင်လေ
ကာ....

အို...လူကြီးနောက်လိုက်ချင်တော့လည်း သည်းခံရမှာပဲပေါ့။

"ရိုး...သူ့ကိုသေချာပြောခဲ့တာသေချာတယ်မလား၊သူကကော
ဒီည လိုက်မယ်လို့ပြန်ပြောတာ ကျိန်းသေပါတယ်နော်"

ဟု လီယွန်က ဖိုးကံကောင်းရဲ့ငြင်းပယ်မူကိုခံခဲ့ရတဲ့သူပီပီ
စိတ်မချဖြစ်နေဟန် အလောသုံးဆယ်။

"ငါ့အချစ်က လိမ်ပါ့မလား မင်းသာ မယုံင်္သကာဖြစ်မနေနဲ့
ဒါလား စော်တွေနဲ့ပတ်မွှေခဲ့တဲ့ကောင်...အီဒန်သာမြင်ရင်
သွေးအန်နေမလားပဲ"

"အကိုလီယွန် စိတ်ချပါ...ဖိုးကံကောင်းက အင်း လို့ခေါင်း
ငြိမ့်ပြီးရင် ပြန်ခေါင်းမခါတတ်ဘူး...သူကခေါင်းမာတတ်တဲ့
ကလေးဖြစ်ပေမဲ့ သူပြောတဲ့စကားကိုပြန်မပြင်တတ်ဘူးရယ်"

မောင့်အမိန့်စည်း (မောင့်အမိန့်စည်း)Where stories live. Discover now