Chapter...14

25.4K 1.5K 121
                                    

"မမလေးအရှင်"

"ဟင်!..ဟင် ပြောလေ"

"သခင်မကြီးခေါ်ခိုင်းလိုက်လို့"

လက်ထဲက ဖုန်းလေးကို ရင်ခုန်မူတွေပြင်းထန်စွာနဲ့ ရင်ခွင်ထဲ
ထည့်ဝှက်ထားကာ ကြည်နူးရိပ်အပြုံးများက ယှက်ပြေး၍ ပါး
ချိုင့်လေးများပင် ပေါ်ကာပြုံးယောင်သန်းလို့ ရင်ခုန်မူနှုန်းက
နှိုင်းဆ၍ပင်မရနိင်အောင် တဒိတ်ဒိတ်မြည်သံပေးနေတာ
ကြောင့် ရင်ဘတ်ကြီးတောင်ပေါက်ကွဲထွက်တော့မည်အ
လား။

မယုံကြည်နိင်စရာကောင်းလှသည်က အမိန့်ကသူကိုချစ်တယ်
တဲ့လေ...။ သူ့လို သာမာန်ကောင်လေးတယောက်၊ အလှအပ
မပြင်တတ်ပဲ သမာရိုးကျ အကျီအဝတ်အစားကိုသာဝတ်ဆင်
ပြီး နွမ်းဖတ်ဖတ် အနေအထားနဲ့အတူ ဟန်ဆောင်မူတွေကြား
နေနေရတဲ့ သူကိုမှလေ။

အမိန့် နေမကောင်းဖြစ်သွားတဲ့အချိန် ခေါင်းကိုများထိခိုက်မိ
သွားလေရော့သလား။

ဒါဟာ ဖြစ်သင့်လားမဖြစ်သင့်ဘူးလားမတွေးမိလောက်အောင်
အံ့သြခြင်းနဲ့အတူ ရင်ခုန်သွားရလေသည်မှာ လိမ်ညာစရာပင်
မရှိ။

သို့ပေမဲ့ ထိုခဏတာအိမ်မက်လေးဟာ ဖြိုခွင်းခံလိုက်ရသလို
ဖုန်းကို အသာအယာချကာ သခင်မကြီးရဲ့အခန်းသို့ ရို့ကျိုးစွာ
ရိုး ခပ်သုတ်သုတ်လေး ဝင်သွားလိုက်ပါ၏။

"ထိုင်လေ...အရှင်"

ရိုး ခေါင်းလေးသာငြိမ့်ပြလိုက်ပြီး ခြေဖျားလက်ဖျားအေးစက်
နေတဲ့အထိအတွေ့ကြားထဲက လက်နှစ်ဖက်အချင်းချင်းပွတ်
သပ်ရင်း နွေးထွေးမူကို ရှာဖွေနေမိပါ၏။

"အမိန့်ကော...ဘယ်သွားလဲ"

"မ...မသိဘူး ဘွား"

"ဟင်းးး...ခက်တာပဲ..အမိန့်က နေမကောင်းဖြစ်ရင်လွယ်
လွယ်နဲ့မပျောက်ဘူး...ကိုယ်ပူရှိန်တော့ရှိနေဦးမှာပဲ..ဘယ်
သွားမယ်ကောပြောသွားသေးလား"

တကယ်ကြီးအခက်တွေ့နေရတာက ရိုးပါ။ အမိန့်လိုလူက
ဘယ်တုန်းက မှာကြားပြီးသွားဖူးလို့လဲ၊ ဒီအိမ်ကလူတွေကို
တောင်မပြောတာ ရိုးလိုလူကိုပြောပါ့မလား။

"မ...မသိဘူး"

"နင်မလဲ..မေးလိုက်ရင် မသိဘူးချည်းပဲ...နင်သိတာဘာရှိ
လဲ...ကိုယ့်ဘေးနားအိပ်သွားတဲ့သူကိုတောင် ထသွားချိန်
လေးတောင်မသိဘူးဆိုတော့"

မောင့်အမိန့်စည်း (မောင့်အမိန့်စည်း)Where stories live. Discover now