Chapter...6

26.5K 1.5K 72
                                    

"ဒုန်း!"

"အမလေး"

"ရူးနေတာလား...အရူးကောင်..ခင်ဗျားကပြသနာအိုးပဲ....
တောက်!"

"အမိန့်...စိတ်လျှော့ပါသားရယ်...ဟဲ့ လက်သုတ်ပုဝါသွားယူ
ချေစမ်း"

"တစ်ရှူးနဲ့အရင်သုတ်လိုက်...အမိန့်"

ထမင်းစားဝိုင်းမှ လူစုံတတ်စုံမှာလည်း အေးဆေးပင်မြိုမကျ
တော့ပဲ အမိန့်ရဲ့သြဇာတိကာမပြည့်ဝတဲ့အသံနဲ့ ကျုံး၍ထ
အော်လိုက်သော်ကြောင့် ပြာပြာသလဲ ဖြစ်ကုန်ကြလေသည်။

"နင်ဘယ်လိုလုပ်လိုက်တာလဲ...ဒါလေးတောင်အဖြစ်မရှိတာ
ဒီမှာပေကျံကုန်ပြီ...နင်ဟာလေတကယ်ပဲ"

မမလေးတိမ်လွှာက အမိန့်ရဲ့မျက်နှာချောချောကိုစိတ်ပူလေ
သောအမူအရာဖြင့် တစ်ရှူးဖြင့်အမြန်သုတ်ဖယ်ပေးနေရင်း
ရိုးဘက်ကိုလှည့်၍ ဟောက်လိုက်လေသည်။

ရိုးမှာတော့ ခြေမကိုင်မှီလက်မကိုင်မှီဖြင့် စားလက်စထမင်း
ပင်ပြန်အန်ထွက်တော့မည့်အလား ငိုမယောင်မျက်ဝန်းလေး
ဖြင့် အမိန့်ရဲ့ဒေါသတွေသူ့ဆီစုပုံကျရောက်လာမှာကိုတွေး၍
စိတ်ပူနေရတဲ့ကြားထဲ မမလေးတိမ်လွှာရဲ့အငေါက်ခံရတော့
ဇတ်လေးပုဝင်သွားလေသည်။

ပြီးတော့ ပိုင်စိုးပိုင်နင်းနဲ့ အမိန့်ရဲ့မျက်နှာချောချောကို ဆက်၍
သုတ်ပေးရန် တယုတယမျက်ဝန်းလေးတွေနဲ့ပေါ့။

ကွာပါ့ သူ့ကိုတော့အမျက်သင့်မျက်ဝန်းတွေနဲ့ အမိန့်ကိုကျ
တော့ ချိုသာနေလိုက်တာပျားအုံကြီးဝင်တွယ်နေတဲ့အတိုင်းပဲ
ဟွန့်...ဟိုကလည်း မင်းသမီးလိုချောမောတဲ့ကောင်မလေးက
အနားမှာပြုစုပေးနေတော့ ငြိမ်ခံနေတာများ ကြက်သားဟင်း
အဆီတွေပေကျံသွားတဲ့မျက်ခွက်ကြီးက အဆီတဝင်းဝင်းဖြင့်
မုန်းချင်စရာ...

"ဟို...တောင်းပန်ပါတယ်..အဲ့ဒါ အရှင်ရဲ့အပြစ်မဟုတ်ပါ
ဘူး"

"ဘာ!မင်းရဲ့လက်နူနေလို့ ကျုပ်ဒီလိုဖြစ်ရတာလေ..ရွံစရာ
ကောင်းလိုက်တာ...ညစ်ပတ်ကုန်ပြီ"

"ဟုတ်ပါတယ်...လက်နူနေလို့ပါ"

ဟာ!ဒီခွေးကောင် ရိုက်သတ်ရင်သေရုံပဲရှိတော့မယ်...ပြန်
တောင်ရွဲ့နေလိုက်သေး...ငါ့လီးမှပဲ။

မောင့်အမိန့်စည်း (မောင့်အမိန့်စည်း)Where stories live. Discover now