Chapter...9

25.3K 1.4K 90
                                    

ငယ်ငယ်တုန်းက ရိုးရဲ့အိပ်ရာဝင်ပုံပြင်တွေထဲမှာ အမှတ်ရဆုံး
တမ်းတသတိရဖြစ်ရဆုံးပုံပြင်လေးတစ်ခုရှိတယ်...။

ရိုးရဲ့မိဘတွေမဆုံးခင် ရိုးရဲ့ညီမလေးနဲ့အတူညအိပ်ရာဝင်
အိပ်စက်ချိန်တိုင်း မေမေပြောပြဖူးတဲ့အကြောင်းအရာလေး
တစ်ခု။

ဟော...မေမေဆုံးပြန်တော့ ဒေါ်လေးနွယ်ကထပ်ဆင့်အနေနဲ့
ရိုးကိုပြောပြခဲ့ပြန်တယ်။ ရှုပ်ပွေလီပြီးပြန်မတမ်းတချင်မလွမ်း
မောချင်တဲ့ ရိုးရဲ့ရင်နာစရာငယ်ဘဝကို ကြီးစိုးထားခဲ့တဲ့အရာ
လေးပေါ့။

ရှင်မှုန်းနံ့သာကိုမေမေကြီးက အိပ်ရာဝင်ပုံပြင်တွေပြောပြ
ချော့သိပ့်လေချိန်မှာ အချိန်ကိုက်အနေနဲ့ရိုးအမှတ်မထင်ကြား
ရပြန်တော့ တံခါးအကွယ်လေးဘေးနားရပ်ပြီး ပါးချိုင့်လေး
တွေခပ်ရေးရေးပေါ်တဲ့ထိပြုံးမိပြန်တယ်။

သြော်...ဒီပုံပြင်လေးကငါကြိုက်တဲ့ပုံပြင်လေးပါပေါ့။

တောက်ပြောင်ပြီးငွေရောင်တဖိတ်ဖိတ်တောက်နေတဲ့အလှဆုံးဂါဝန်လေးကိုဝတ်ဆင်ပြီး မြင်သူတကာငေးရလောက်တဲ့
ကြည်လင်တောက်ပလွန်းစွာသော ဖန်သားဖိနပ်လေးကိုဆင်
မြန်းပြီးပွဲတတ်လာခဲ့တဲ့မင်းသမီးလေးတစ်ယောက်အကြောင်း။

"အို...ဒါဆို မင်းသမီးလေးကမင်းသားလေးနဲ့ညားသွားတာ
ပေါ့နော် မေမေကြီး"

"ဒါပေါ့...ရိုးရယ်...မင်းသမီးလေးကအယောင်ဆောင်မင်းသ
မီးလေးဖြစ်ခဲ့ပေမဲ့ နောက်ဆုံးမှာမင်းသားလေးနဲ့ညားသွားရ
တယ်လေ"

ခေါင်းလေးကိုပွတ်သပ်ရင်း ကြင်နာစွာပြောပြလာတဲ့ဒေါ်လေး
နွယ်က ပြုံးပြကာ ရိုးကိုစောင်ခြုံပေးလိုက်လေ၏။

"ဟင်း...ဒါပေမဲ့ မင်းသမီးလေးကသနားဖို့ကောင်းတယ်နော်
သူ့ခမျာ..."

"ရိုးရယ်..ဒါကနားထောင်ရကောင်းပြီးအမှတ်ရစေမဲ့ ပုံပြင်
လေးတစ်ပုဒ်ပါပဲ...နောက်ဆုံးမှာပျော်ရွှင်သွားရတာပဲလေ...
ဇာတ်သိမ်းမှာ အချိုမြဆုံးဇာတ်သိမ်းလေးနဲ့သိမ်းသွားရင်ပျော်
ပြီမလားကွယ်"

အဲ့တုန်းက ရိုးက ကလေးဘဝနားမလည်လေတဲ့အရွယ်လေး
မို့ ဒေါ်လေးနွယ်ပြောသမျှကို ခေါင်းလေးညိမ့်ပါးချိုင့်လေးပေါ်
အောင်ထိပြုံးရင်း ကျေကျေနပ်နပ်ကြီးလက်ခံခဲ့မိသေးတာ။

မောင့်အမိန့်စည်း (မောင့်အမိန့်စည်း)Where stories live. Discover now