Chapter...36

12.6K 729 42
                                    

"မောင်"

အခန်းထဲ တည့်မတ်စွာ ဝင်လာပြီးတဲ့နောက်ပိုင်းမှ ရိုးရဲ့လက်
ကိုခပ်ဖွဖွ ဖြေလျော့ပြီးလွှတ်လိုက်ကာ အရှေ့သို့ ခြေလှမ်းငါး
လှမ်းစာမျှ ဆက်လျှောက်သွားသည့် မောင်က အပေါ်အကျီကို
မြန်ဆန်စွာပင်ချွတ်၍ ကုတင်ပေါ်သို့ပစ်တင်လိုက်လေသည်။

"မောင်...ဟိုလေ"

ပထမ ခေါ်ခြင်းက အသံများတိုးလို့လား မောင်များမကြား
လိုက်လေသလားဟု အနည်းငယ်အသံကိုမြှင့်လိုက်သလို
ဟိုလေ ဟုပါ စကားလုံးလေးဆက်ကာ သူ စကားပြောချင်
နေတယ်ဆိုတာပါ သိအောင်လုပ်လိုက်လေ၏။

ပြန်မဖြေ မေးဆတ်ပြတဲ့ မောင်ကြောင့် ပြောရမလား၊မပြော
ရင်ကောင်းမလား...ဒွန်တွဲလျက်...အဖြစ်က ရိုးသိပ်ကြောက်
နေမိတာ...ပထမဆူံး ပန်းရဂုံမှာနေထိုင်ခဲ့ရတာနဲ့မတူ ယခု
က တစ်ခုခုကို စိတ်ထဲဖြစ်နေတာ...နောက်ဆက်တွဲ ဘာဖြစ်
လာမလဲမသိပေမဲ့ ရိုးမှာ မောင်တစ်ယောက်တည်းပဲရှိတော့သ
လိုကို မီးစာလေးအဖြစ် ရိုးမြင်နေရပြီ။

"ဘာပြောမလို့လဲ"

မောင်က စကားလမ်းကြောင်း အရင်စပေးပါ၏။

"ရိုး စိတ်မဆိုးပါဘူး"

"ဘာကိုလဲ"

"ဟို...မမလေးတိမ်လွှာလေ..သူနဲ့ကိစ္စ"

"မောင့်ရဲ့ရိုးက စိတ်ခုနေလို့လား...စိတ်ထဲရှိတာပြော...ဘာ
လဲ၊ မောင့်ဆုံးဖြတ်ချက်တွေ သိပ်မှားတယ်လို့ အငိုသန်မလို့
လား...မောင့်ကိုကြည့်ပြီးသေချာဖြေ"

"အို...ဟင့်အင်း၊ ရိုး မငိုပါဘူး ၊ ဒါက ဖြစ်သင့်ပါတယ်မောင်
ဖြစ်သင့်ပါတယ်"

ရိုးက ငြင်ငြင်သာသာလေးနဲ့ကို အပျော့ဆွဲငြင်းကာ မွေ့ယာအိ
စက်စက်ပေါ်သို့ သမီးလေးကိုတင်လိုက်ပြီး တဖန် မောင့်ကို
မျှော်ကြည့်လိုက်သည်။ စိတ်ထဲ၌တော့ ပန်းရဂုံအတွက်ယော
က်ျားတစ်ယောက်ဖြစ်တဲ့ သူက ဒီလောက်တော့ပေးဆပ်ရပေ
လိမ့်မယ်ဟု သိထားပေမဲ့ နှလုံးသားနက်ရိုင်းသော ဝန်းကျင်
လေးကတော့ တစိမ့်စိမ့် နာကျင်ထိုးဆွမူတွေနဲ့ ကပိုကယို
လေးတွေဖြစ်နေလို့ မနည်းကိုစိတ်ပြန်ထိန်းနေရလေရဲ့။

မောင့်အမိန့်စည်း (မောင့်အမိန့်စည်း)Hikayelerin yaşadığı yer. Şimdi keşfedin