Chapter...12

26.6K 1.5K 98
                                    

သွားစွယ်လေးတွေပေါ်တဲ့အထိ မထိတထိလေးရယ်ပြကာ
မျက်ခုံးပင့်ရင်းပြောလာတဲ့ အမိန့်ရဲ့ကိုကြည့်ရင်း ရင်ခွင်
အောက်ဆီမှာ အုပ်မိုးခံနေရတဲ့ ရိုးမှာ ဆယ်စက္ကန့်လောက်
ဖျားချင်သလိုတောင်ဖြစ်သွားရ၏။

အမိန့်ရဲ့ ချောမောမူအောက်မှာ အညို့ခံနေရသူလို မလှုပ်မ
ရှားနိင်ပဲ ကျောက်ရုပ်လိုဖြစ်နေရသည်ကသိပ်ကိုဆိုးလွန်းလေ
သည်။ လူတစ်ယောက်ကို သဘောကျခြင်းရဲ့နောက်ကွယ်မှာ
တဆင့်တိုးပြီး ချစ်မိမှာကို ရိုးသိပ်ကိုကြောက်မိလေသည်။

ထိုမျှတင်မဟုတ်သေး လက်ရဲဇက်ရဲနိင်လွန်းပေတဲ့ အမိန့်က
ကြောင်တောင်လေးပြူးကြည့်နေတဲ့ ရိုးကိုအခွင့်ကောင်းယူ
စွာဖြင့် သူရဲ့သန်မာတဲ့လက်အစုံက ရိုးရဲ့ရင်ဘတ်ကို ကိုယ်
တွယ်ဖို့ ထိတွေ့စဉ်မှာပင်။

"ဟင့်အင်း...မလုပ်နဲ့"

"ဘာဖြစ်တာလဲ...ခင်ဗျား"

ငြိုငြင်တဲ့ဟန်ပြတဲ့အမိန့်က စကားသံတွေမှာပင် စိတ်ပျက်စ
ရာရပ်ဝန်းတွေပါဝင်နေပေ၏။ ရိုးအနေနဲ့သိပေမဲ့ မတတ်နိင်
ဒီတိုင်းဆက်ငြိမ်ခံနေပါက အကုန်ပေါ်ကုန်ပြီးသဲထဲရေသွန်
ဖြစ်သွားရချေမည်လေ။

နောက်ဆက်တွဲ အမိန့်က သူကိုသိပ်ကိုမုန်းသွားချေမှာပင်။

"လွှတ်...လွှတ်ပေးတော့"

"ခင်ဗျားက ကျုပ်မိန်းမပဲလေ...ကျုပ်ထိချင်တဲ့နေရာထိလို့ရ
တယ်ဆိုတာမေ့နေတာလား...ဟမ်!"

ပုခုံးသားနုနုနှစ်ဖက်ကို ခပ်ကြမ်းကြမ်းဆုပ်ကိုင်ခြယ်လှယ်ရင်း
ရိုးကို ဒေါသသံပါပါဖြင့် အမိန့်ကသတိပေးလိုက်၏။

အမိန့်ရဲ့ ထိတွေမူခပ်ပါးပါးနဲ့တင် အရည်ပျော်လုမတတ်ဖြစ်
နေရသူမို့ ရိုးအနေနဲ့ ရုမ်းထွက်ဖို့သာခေါင်းထဲရောက်လာပေ
၏။ ခေါင်းတွင်တွင်ခါးယမ်းစွာ ရိုးငြင်းဆိုနေပေပြီ။

"အရှင်တို့က ကွာရှင်းဖို့လုပ်ထားပြီးသားမလား...ဘာလို့သံ
ယောဇဉ်တစ်မျှဉ်ထပ်တိုးချင်မှာလဲ...အမိန့်ပဲ အရှင်ကိုကွာ
ရှင်းချင်နေခဲ့တာလေ"

"ကျုပ်ဘာသာကွာချင်ကွာမယ်..မကွာချင်မကွာဘူး..ခင်ဗျား
စောက်ပူမပါဘူး!"

မောင့်အမိန့်စည်း (မောင့်အမိန့်စည်း)Where stories live. Discover now