Chapter...25

18.7K 926 36
                                    

ပိုမိုပြင်းထန်အောင်တိုက်ခတ်လာတဲ့ လေဒဏ်ကြောင့်ရွာသား
အချို့မှာလည်းမအိပ်နိင်...ဘုရားတနေရလေသည်။အမိန့်
မှာလည်း ငုတ်တုတ်ထိုင်နေရင်းမှ ရင်ခွင်ထဲ ရိုးကိုထည့်ထား
သလို ရိုးမှာလည်း မျောက်ကလေးလို့ရင်ခွင်ကြီးထဲ ထွေးအိ
ကျဆင်းနေရင်းမှ ငြိမ်သက်တိတ်ဆိတ်နေလေသည်။

ကြည့်ရတာပုဇွန်ထုပ်ကွေးလေး ဟင်းချိုအိုးထဲကွေးကွေးလေး
ပေါ်နေသလို။

သည်းထန်စွာရွာလာတဲ့ မိုးရေစက်များကအနည်းအများအထဲ
သို့ မိုးမှုန်ဖွားလေးတွေအဖြစ် ကျဲပက်နေလေတာကြောင့်
လျော့ရဲရဲအကျီစလေးမှာ ရေသီးလေးတွေကပ်ခိုနေလေ၏။

"လီယွန်"

အမိန့်ရဲ့အသံရဲ့ နောက်ဆက်တွဲမှာ လီယွန်တစ်ယောက်
အပေါက်ဝမှာတင် အမောတကြီးပြေးလာရလို့ အမော့ဆိုနေ
သလိုမျိုး မအီမလည်အဆင်မပြေတဲ့မျက်နှာကြီးဖြင့် အကျီ
လည်ဟိုက်အနားစနှင့် ပုခုံးနှစ်ဘက်အနားစမှာ ရေသီးတွေ
တွဲခိုနေကြသည်။

လက်နှစ်ဖက်ရဲ့ ပွေ့ဖက်သိမ်းကျုံးဆွဲပွေ့ထားမူကိုခံနေရသည့်
ကောင်ငယ်လေးကလည်း ပြူးတူးကြောင်တောင်။

"ရောက်ပြီ ဆင်းတော့"

အမိန့်ပေးသံမကျတဲ့ အသံ၌ မောဟိုက်မူအနည်းငယ်ပါဝင်နေ
တာမို့ ဖိုးကံကောင်း အမြန်ပင် ထိုလူလက်ထဲ၌ ကဗျာကယာ
ဆင်းချလိုက်၏။

"ကံကောင်း...အမလေး မသေကောင်းမပျောက်ကောင်း၊မအေနဲ့အကိုတွေကတော့ စိတ်ပူလို့ ရင်ထဲအပူလုံးဆို့နေပြီ
နင့်အကိုကြီးဗလဆို အခုတင် မိုးထဲလေထဲ ထွက်ရှာဖို့တောင်
လုပ်နေတာ...တော်တော်ဆိုးနေပါလားကံကောင်း"

"အခုရောက်ပြီဆိုတော့ စိတ်မပူနဲ့တော့နော်အမေ"

မျက်ရည်လေးတစမ်းစမ်းနဲ့ သူအနားသို့အပြေးလာသည့်အ
မေက ပါးစပ်အပြောနဲ့တင်မဟုတ် ဖိုးကံကောင်း ရဲ့တင်ပါး
ကိုနှစ်ချက်ဆင့် လက်ဝါးနှင့်ရိုက်လိုက်လေ၏။

"မရိုက်ပါနဲ့ဗျာ....ဖြည်းဖြည်းလုပ်ပါ..ကလေးနာသွားပါမယ်"

"မဆုံးမကောင်းလားနိင်ငံခြားကောင်လေးရယ်...မအေနဲ့အ
ကိုတွေက သိမ်းစရာရှိတာသိမ်းဆည်းနေတုန်း...အခန်းထဲ
နင့်ပစ္စည်းတွေသွားသိမ်းလို့ပြောလိုက်တာ လူကောပျောက်
သွားလို့ ဘယ်လိုက်ရှာလို့ရှာရမှန်းမသိ...မအေကိုသက်သက်
ဒုက္ခပေးတာ...တော်သေးတာပေါ့ နိင်ငံခြားကောင်လေးက
တွေ့လို့ခေါ်လာပေးလို့"

မောင့်အမိန့်စည်း (မောင့်အမိန့်စည်း)Where stories live. Discover now