Chapter...18

26.4K 1.3K 73
                                    

"အရီးလေး...အရီးလေးတင်မြ"

"သြော်..ရိုးလေး နိုးလာပြီလား၊ ညတုန်းကအိပ်ရေးတွေပျက်
တာကြောင့် ဒီမနက်တော့ တော်တော်နဲ့နိုးဦးမှာမဟုတ်ဘူး
ထင်တာ"

ညတုန်းက ခြင်တွေရဲ့ဒုက္ခပေးမူအစုစုကြောင့် ဒီမနက်တော့
တရေးတည်းအိပ်ပျော်သွားပြီးမှ ထရံပေါက်ကြားထဲမှ နေ
ရောင်လေး ဝိုးတဝါးမြင်ရရုံနဲ့တင် ဘေးကအိပ်စက်နေသည့်
မောင့်ရင်ခွင်နွေးနွေးကြီးကို လက်ဖြင့် လိုက်စမ်းကြည့်ပေမဲ့
အေးစက်သော ဖျာကိုသာစမ်းမိတာကြောင့် အိပ်ချင်စုတ်ဖွား
နှင့် ရိုးမှာ မနက်အစောကြီးမှာပင် အပူလုံးတွေနှင့် ရတတ်မ
အေးရ ဖြစ်လိုက်ရ၏။

အကြောင်းမူကား မောင်ထားသွားပြီလား...ခဏတာလေးနဲ့
သူ့အပေါ်စိတ်ကုန်သွားပြီမို့ မိုးမလင်းခင်မှာပင် မသိအောင်
ထွက်သွားလေပြီလားဟု အတွေးတွေက ကယောက်ကယက်
များစွာ။

ပိုဆိုးသည်က မောင်က ဆယ်ကျော်သက်အရွယ်မို့ စိတ်ကစား
ရုံမျှသာ သူ့ကိုဆော့ကစားချင်တာလားဟု တချက်တချက်
တွေးမိပါသည်ဆိုမှ အခုဘယ်များပျောက်သွားရတာတုန်း
မောင်ရယ်။

ညက ကိစ္စအတွက်နဲ့များ စိတ်ဆိုးလေရော့သလား၊ ကိုယ့်အိမ်
ကိုယ်ယာမဟုတ်သေးတော့ လူကြီးသူမတွေနဲ့ မတော်သရော်
အသံတွေကြားရင် မကောင်းတာမို့ ရိုးကမောင့်ကိုမဖြစ်မနေ
တားရခြင်းသာ၊ မောင့်ဆီက သက်ပြင်းချသံအဆုံးမှာတင်
တားလိုက်တာမှားသလားဟု တွေးမိသည်မှာအကြိမ်ကြိမ်အခါ
ခါ...အခုတော့ဖြင့်။

"ဟို...ဟိုလေ...မောင်...မောင်"

ခက်ကော...စကားတွေပင် အထစ်အငေါ့ငေါ့..ဘယ်လောက်
တောင် ရင်ပူစိတ်စောနေလည်း စကားတွေကသက်သေပင်။

"ဘာပြောမလို့လဲရိုးလေး...မျက်နှာအရင်သစ်လိုက်ဦး၊ပြီးရင်
အရီးလေးပြင်ထားတဲ့ ထမင်းကြမ်းခဲလေးနဲ့ညကဟင်းကျန်
လေးနဲ့မနက်စာအဖြစ်စားသွား...ရိုးလေးတို့ရွာကနီးတယ်
ဆိုပေမဲ့"

"ဟင့်အင်းမစားဘူး...မောင်ကော...မောင်ဘယ်ရောက်သွား
တာလဲ...ဘယ်ကိုထွက်သွားတာလဲ၊ အရီးလေးတွေ့မိလိုက်
သေးလား"

မောင့်အမိန့်စည်း (မောင့်အမိန့်စည်း)Where stories live. Discover now