Chapter...23

17.1K 929 15
                                    

"ဒီနှစ် ပဲတွေလည်းပိုးကျလို့ ကောင်းကောင်းကိုမဖြစ်ထွန်းဘူး
ဟယ်...စိတ်ညစ်ပါ့"

"တူတူပါပဲအေ...ငါ့အဖေစိုက်တဲ့ ဖရုံခင်းတွေလည်း ဘာများ
ထူးလို့လဲ...ပိုးကျတာနဲ့..ရေမြုပ်တာနဲ့လုံးလည်ချာလည်လိုက်နေလို့ အဖေဆိုအိမ်မှာ ညည်းနေတာ"

"ကြီးဒေါ်ကကောဘာပြောလဲ"

"ဘာပြောရမလဲအေ...အမေဆိုအိမ်မှာပြောနေတာဒီနှစ်မိုးက
သီတင်းကျွတ်ပြီးတာတောင်ရွာချင်နေတုန်းတဲ့...ဟုတ်လည်း
ဟုတ်ပါ့ဟယ်...ရွာလိုက်တဲ့မိုးဆိုတာ စိတ်ပျက်ဖို့အရမ်း
ကောင်း"

လုံမနဲ့အေးသွယ်တို့နှစ်ယောက်မှာ စကားတစ်ပြောပြော..အ
ကြောင်းအရာအဆက်အစပ်မရှိ ဟိုရောက်လိုက်ဒီရောက်
လိုက်နှင့် ဒီကြားထဲ ညကကြည့်ရတဲ့ကိုရီးယားကားကနေ ဘာအိမ်မက်မက်တာလဲကအစ အဆုံးထိကိုပြောလို့မဆုံး
တော့။

အတင်းလေးကတုတ်လိုက်...ခေါင်းညိမ့်ခေါင်းခါ ထောက်ခံ
လိုက်နှင့်ပင်။

"သခွပ်ရိုး"

"သြော်...လုံမ တို့ဟုတ်တယ်မလား"

"ဟုတ်တာပေါ့..ရွာကိုပြန်ရောက်လာတယ်ကြားတုန်းကမမှတ်မိလောက်တော့ဘူးလို့တော့ထင်နေတာ..အခုလိုတန်းပြန်
နှုတ်ဆက်တော့ ဝမ်းသာတာပေါ့"

"ငါလည်း ဝမ်းသာပါတယ်...ငယ်ငယ်ကအတူဆော့ခဲ့ကြတာ
တွေဘယ်မေ့နိင်ပါ့မလဲ...အခုကော ဘယ်သွားကြမလို့လဲ"

ဟု သခွပ်ရိုးမှာ မောင့်နဲ့မောင့်သူငယ်ချင်းအတွက် လယ်ထဲကို
နေ့လည်စာ သွားပို့နေတုန်း လမ်းမှာ လုံမတို့နဲ့တွေ့တာမို့
စကားခဏ ရပ်ပြောနေခြင်းပင်။

မောင့်ဆီအမြန်သွားချင်​နေပေမဲ့လည်း လမ်း၌ ငယ်ဘဝက
ဆော့ဖော်ဆော့ဖက် လုံမတို့နှင့်ဆုံခိုက်မိတုန်းလေး စကား
ကြုံတုန်းပြောလိုက်လေသည်။ ကိုယ့်လူရင်းတွေသူငယ်ချင်း
အပေါင်းအသင်းဖြစ်တာကြောင့် မမြင်ချင်ယောင်ဆောင်ပြီး
ကျော်ခွသွားလို့မရပေ...ကိုယ့်ရွာသူရွာသားပေမို့ကလည်း
ရှိသေးတယ်မလား။

"လယ်ထဲက ပြန်လာတာ...ဒီနေ့တော့စောစောပြန်လာရ
တယ်...မနက်တည်းကမိုးက ဗျစ်တောက်ဗျစ်တောက်လုပ်
နေတာ...အခုလည်းမိုးတိမ်တွေတတ်လာတာမို့ သိမ်းဆည်း
ပြီးပြန်လာရတယ်အေ"

မောင့်အမိန့်စည်း (မောင့်အမိန့်စည်း)Where stories live. Discover now