Chapter...8

24.7K 1.5K 48
                                    

"အမိန့်"

အိမ်အပေါ်ထပ် ဝရန်တာမှာ ဘောင်းဘီအိတ်ထဲဟန်ပါပါ
လက်တစ်ဖက်ထည့်ထားပြီး သွားစွယ်လေးတွေပေါ်တဲ့ထိ
ရယ်မောရင်း ဖုန်းပြောနေတဲ့အမိန့်က တကယ့်ကိုလူချော
လေး။

ဆယ်ကျော်သက်အရွယ်လေးပဲရှိသေးပေမဲ့ နှစ်ဆယ်ကျော်အ
ရွယ်ဖွံဖြိုးတဲ့ဖြောင့်တောင့်တဲ့ခန္ဓာကိုယ်ကိုပိုင်ဆိုင်ထားတဲ့အ
မိန့်ရဲ့ လက်ဖမိုးမှာထင်းနေတဲ့သွေးကြောစိမ်းကြီးတွေဖြင့်
လူကြီးလူကောင်းလို့ထင်ရသလို ဝတ်စားပုံနဲ့အမူအကျင့်လေး
က ထောင့်မကျိုးတဲ့ခပ်ဆိုးဆိုးပုံစံလေးမို့ နာမည်နှင့်လူနှင့်
လိုက်ဖက်လွန်းလေ၏။

ဘယ်သူစကားမှနားမထောင်တတ် စကားအပြောအဆိုညစ်
ကျယ်ကျယ်လေးပြောတတ်တဲ့စရိုက်လေးကြောင့် အမိန့်ကို
တော်တန်ရုံစကားပြောဖို့ မပြောဝံ့ရဲကြ။

အမိန့်ကလည်း မိဘနဲ့အဘွားဖြစ်သူကလွဲရင် မည်သူကိုမျှ
စကားစပြီးပြောလေ့ရှိတာမဟုတ်။ ဟို အညစ်ပတ်လေးကလွဲ
ရင်ပေါ့။

"မနက်ဖြန်ညကျရင် ပန်းရဂုံမှာပါတီပွဲရှိတယ်ဟုတ်"

"ဘာကိစ္စရှိလို့လဲ"

အမိန့်က မဖြေချင်တဲ့ စိတ်ရှုပ်လွန်းတဲ့မျက်ဝန်းတွေဖြင့်ကြည့်
ကာ လာရင်းကိစ္စကိုသာ တိမ်လွှာမြင့်မိုရ်ကို မေးလိုက်၏။

အမိန့်က သူ့ကို ဒါပထမဆုံး ပန်းရဂုံကိုရောက်ပြီးတည်းက
အရေးတယူပြန်ပြောပေးခြင်းမို့ တိမ်လွှာအားတတ်သွားရ
သည်မှာအမှန်ပါ။

အမိန့်စည်း ကို ကလေးမဘဝတည်းက လူချင်းမတွေ့ဖူးခဲ့ပေ
မဲ့ နာမည်လေးကြားရုံနဲ့တင် သူ့ရင်ထဲနေရာတနေရာစာမှာ
သိမ်းထားမိတဲ့အထိ နေရာပေးထားခဲ့မိသည့်အတွက်ကြောင့်
ပဲလားမသိ...ပန်းရဂုံကို အမိန့်စည်းရောက်လာမယ်ဆိုတဲ့သ
တင်းသဲ့သဲ့လေးကြားရရုံနဲ့တင် စိတ်ကူးတွေဖြင့်အိမ်မက်ထဲမှာ
မောဟိုက်နေခဲ့ရင်းပျော်ခဲ့ရသည်မဟုတ်လား။

တနည်းပြောရရင် သူအနေနဲ့ အမိန့်စည်းကိုစိတ်ဝင်စားနေမိ
သည့်အဖြေကမှားဖွယ်ရာပင်မရှိ။

"အရှင်ကို အမိန့်ကလူပုံအလယ်မှာ ပွဲထွက်ခိုင်းဖို့တမျိုးဖြစ်
နေမယ်ဆိုတာ တို့ရိပ်မိပါတယ်"

မောင့်အမိန့်စည်း (မောင့်အမိန့်စည်း)Where stories live. Discover now